အသံပါဝါကောင်းကောင်းနဲ့ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့ချိန်ထိနေရာယူထားဆဲအဆိုတော်ကတော့ အာဇာနည်ပဲ ဖြစ်ပါတယ်။ Rock သီချင်းအကြမ်းစားတွေသာမကပဲ ၊ သီချင်းအေးအေးလေးတွေကိုလည်းဆိုတတ်တဲ့ အာဇာနည်ဟာ ဂီတလမ်းကြောင်းမှာ ဆယ်စုနှစ်တိုင်အောင် အောင်မြင်မှုတွေနဲ့ဆက်လျှောက်လှမ်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ပျော်ရွှင်စရာမိသားစုကိုရရှိပိုင်ဆိုင်ထားသူကတော့ အဆိုတော်အာဇာနည်ပဲ ဖြစ်ပါတယ်။ သူကတော့ ချစ်ဇနီးချောလေးဝမ်းနဲ့အတူ ကြည်နူးသာယာဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ သားလေးနှစ်ယောက်ဖြစ်တဲ့ ဖစ်ဖစ်တုန်နဲ့ချစ်ချစ်တုန်ဟာလည်း သိတတ်လိမ္မာလွန်းတဲ့သားလိမ္မာလေးတွေဖြစ်တာကြောင့်လည်း အာဇာနည်ကတော့ ဝမ်းသာနေရတာပါ။ 

ပညာရေးမှာလည်း ထူးချွန်လွန်းသူ ဖစ်ဖစ်တုန်ကတော့ ကျောင်းကပေးအပ်တဲ့ ” Outstanding Subject Award " ဆုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အာဇာနည်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း ” Congratulations My Son Gyi " ဆိုပြီး ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပညာရေးမှာ ထူးချွန်လွန်းတဲ့ သားလေးဖစ်ဖစ်တုန်ကို ဂုဏ်ပြုစကားလေးပြောသွားကြပါဦးနော်။

Photo - Phit Phit Chit Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။