ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသားကျော်ကျော်နဲ့ မင်းသမီးချော စိုးပြည့်သဇင်တို့ကလည်း အပါအဝင်ပါပဲ..။

ပြည်သူပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို ကိုယ်စီ အခိုင်အမာရရှိထားကြတဲ့ ကျော်ကျော်နဲ့ စိုးပြည့်လေးတို့ကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေအတူလက်တွဲလုပ်ဆောင်နေပြီး ဇာတ်ကားတွေအတူ ရိုက်ကူးနေတာ တွေ့ရပါတယ်..။

ပျော်ပျော်နေတတ်ကြတဲ့ လူငယ်တွေပီပီ ဇာတ်ကားအတူရိုက်ကူးရင်း တစ်ယောက်ကိုတစ်ယောက် ဆေးထိုးစနောက်ကာ အူတက်အောင် ရိုက်ကွင်းပေါ်က အခွီဓာတ်ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကလည်း ပရိသတ်တွေကို အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။

အခုတစ်ခါမှာလည်း ရိုက်ကွင်းပေါ်က အမှတ်တရရိုက်ကူးထားတဲ့ အခွီဓာတ်ပုံလေးတွေနဲ့အတူ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေအောင် ထပ်မံဖန်တီးပေးလိုက်ပြန်ပါတယ်နော်..။

ရိုက်ကွင်းမှာ အချုပ်ကျတဲ့ ဇာတ်ဝင်ခန်းကို ဓာတ်ဖမ်းရင်း မင်းသမီးချောလေးစိုးပြည့်သဇင်ကို စနောက်ဆေးထိုးရင်း ရိုက်ကွင်းက ပုံလေးတွေကို မျှဝေလိုက်တာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

“သူငယ်ထောင်မှူနဲ့ ရိုစီနဲ့လူးလူးစိန်တို့ အချုပ်ကျ..” ဆိုပြီး ရိုက်ကွင်းပေါ်မှာ အမှတ်တရရိုက်ကူးထားတဲ့ အခွီဓာတ်ပုံလေးတွေကိုလည်း ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo - ကျော်ကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။