ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော သက်မွန်မြင့်ကတော့ ယောကျၤား မိန်းမ ကလေး လူကြီး မရွေး အားလုံးက ချစ်ခင်အားပေးနေရတဲ့ ပြည်သူချစ်အနုပညာရှင်ပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ရိုးသားပြီး ဖြူစင်ပွင့်လင်းတဲ့ ဟန်ပန်ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေက အမြဲအချစ်ပိုနေရတာဖြစ်ပြီး ကလေးလေး တစ်ယောက်လို ချစ်ဖို့ကောင်းနေတာတွေကလည်း သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေပါပဲ..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး ချစ်သက်ကတော့ အနုပညာအလုပ်တွေနဲ့ အခမ်းအနားပွဲတော်တော်များများ တက်ရောက်ဖြစ်နေပြီး တစ်သားမွေး တစ်သွေးလှတဲ့ အလှတရားတွေနဲ့ တနေ့တခြား ပိုပိုပြီး လှလာတာလည်း ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။

အခုတစ်ခါမှာလည်း Mini Mr & Miss Myanmar လေးတွေနဲ့အတူ အမှတ်တရဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို နှစ်သက်သလောကျစေပါတယ်နော်..။

ချစ်စရာကောင်းပြီး သွက်သွက်လက်လက် ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားကြတဲ့ Mini Mr & Miss Myanmar လေးတွေနဲ့ အတူ ဓာတ်ဖမ်းရင်း ကလေးတစ်ယောက်လို နုပျိုစွာ လှသွေးကြွယ်မှတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေပါတယ်..။

ချစ်ရတဲ့ ချစ်သက်လေးရဲ့ ပရိသတ်တွေနဲ့ Mini Mr & Miss Myanmar လေးတွေရဲ့ ချစ်ပရိသတ်တွေအတွက်လည်း သူတို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားပညဦးနော်..။

Photo - Miss Golden Land Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။