ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေဆုံးသူတွေနဲ့အတူ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ ဇွန်လ ၁၃ရကနေ့မှာလည်း ဆိုးဆိုးရွားရွားယာဉ်တိုက်မှုကြီးတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကတော့ ခရီးသည်တင် Express ယာဉ်နှင့် အိမ်စီးCaldina ယာဉ်တိုက် တိုက်မိခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကြောင့်လူသေဆုံးမှုတွေပါရှိခဲ့ကြောင်း ကနဦးသတင်များအရသိရပါတယ်။ ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပြည်-ရန်ကုန်လမ်းမပေါ် မအူကန်ဘုန်းကြီးကျောင်းရှေ့တွင် ဒီကနေ့ နေ့လည် ၁၂နာရီခန့်က ရန်ကုန်ဘက်မှ မောင်းနှင်လာသော Asia Express ခရီးသည်တင်ကားနှင့် ပြည်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Caldina ကားလေးတို့ ယဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ယဉ်တိုက်မှုကြောင့် အိမ်စီးCaldina ကားလေးပေါ်မှအမျိုးသားနှစ်ဦးနေရာတွင်ပင် ပွဲခြင်းပြီးသေဆုံးခဲ့ပြီး Express ခရီးသည်တင်ကားပေါ်မှ လိုက်ပါလာသူတွေလည်း ဒဏ်ရာရရှိမှုများပြားခဲ့ကြောင်း သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို လက်ရှိဆေးရုံသို့ ပို့ဆောင်ထား တာဝန်ရှိသူတွေလာရောက်ရှင်းလင်းလျှက်ရှိကြောင်း သိရပါတယ်။ လူသေဆုံးမှုတွေနဲ့အတူ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဒီကနေ့ ယာဉ်တိုက်မှုပုံရိပ်အချို့ကိုမျှဝေပေးလိုက်ပါတယ်။

Photos - ပြည်သတင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။