ပြည်တွင်းတင်းတင်းကျပ်ကျပ် လုပ်ဆောင်လုပ်လျှက်ရှိတဲ့ လူကုန်ကူးမှုဖြစ်စဉ်တားဆီးရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာလည်း ရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ ပညာပေးလုပ်ဆောင်မှုများနဲ့အတူ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မှုများကိုလည်း မကြာခဏလိုက်လံရှင်းလင်းပေးလျှက်ရှိပြီးသတ်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း စကားဝိုင်းဆွေးနွေးမှုတွေနဲ့အတူ အသိပညာပေးမှုတွေပြုလုပ်လျှက်ရှိပါတယ်။  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး "လူကုန်ကူးမှုတားဆီးကာကွယ်ရေး" ပြည်သူ့ စကားဝိုင်း(Public Talk) ကို ဒီကနေ့ နံနက်၉နာရီခွဲက အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း ထာဝရခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ရှေးဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းမောင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း အကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနဲ့ပတ်သက်ပြီး မြို့မရဲစခန်းမှူး ဒုတိယရဲမှူးချစ်ဝေ၊ မြို့နယ်ဥပဒေ အရာရှိဒေါ်ဝါဝါဆွေ၊ မြို့နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ဦးစီးမှူးဒေါ်နွယ်နွယ်ဦးနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန ဦးစီးမှူး ဦးမောင်မောင်ကြိုင်တို့က လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အကြောင်း၊ လူကုန်ကူးခံရတတ်ခြင်း အကြောင်း၊ လူကုန်ကူးပါက ပြစ်မှုပြစ်ဒဏ်များ အကြောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးတို့က ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြောင်း သိရပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။