Miss Myanmar 2012 winner ဆုရှင်ဖြစ်တဲ့ နန်းခင်ဇေယျာဟာဆိုရင် ပုရိသတို့စွဲမက်ဖွယ်ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး စကားပြောဟန်ပြေပြစ်ချိုသာတာလည်းဖြစ်ပါတယ်။ မော်ဒယ်လ်သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကိုဝင်ရောက်လာတာဖြစ်ပြီး ပရိသတ်တွေရဲ့တစ်ခက်နက်အားပေးမှုကို ရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သဘောထားပွင့်လင်းသူဖြစ်ပြီးချစ်စရာအမူအရာလေးတွေကြောင့်လည်း ယောက်ျားလေးပရိသတ်တွေသာမက၊ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိတာကိုတွေ့ရမှာပါ...။

နန်းခင်ဇေယျာဟာဆိုရင် ခရီးသွားဝါသနာပါသူဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အပန်းဖြေခရီးတွေကိုထွက်လေ့ရှိတာပါနော်....။ ပင်လယ်ပြင်ကြီးကိုလည်းချစ်မြတ်နိုးပြီး ရေကူးဝတ်စုံလေးတွေနဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း မြင်သူတကာကို စွဲမက်စေတာပါ...။ အခုတစ်ခါမှာဆိုရင်တော့ ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ သွားရောက်လည်ပတ်တာဖြစ်ပြီး ထပ်မံ အီတလီနိုင်ငံ "Venice" မြို့သို့လည်းရောက်ရှိခဲ့ပါပြီနော်...။ ဘာလင်မြို့မှာလည်း နာမည်ကြီးနေရာမှန်သမျှကို လည်ပတ်ပြီးကာ အလန်းစားဓာတ်ပုံတွေရိုက်ကူးခဲ့တာကို ပရိသတ်တွေအားလုံးရှုစားခဲ့ကြရမှာပါ...။

နန်းခင်ဇေယျာဟာ ပရိသတ်ကြီးနဲ့ရင်နှီးမှုတွေ အမြဲရရှိနေအောင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို တင်ဆက်ပေးလေ့ရှိသလို အခုသွားရောက်လည်ပတ်နေတဲ့ ခရီးစဉ်အရှည်ကြီးကိုလည်း အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေတာပါ...။ ဒါကြောင့်မလို့လည်း ပရိသတ်ကြီးကို ပြန်လည်ဝေမျှပေးလို့ရတာဖြစ်ပါတယ်....။ "Venice" မြို့ရှိ တစ်လမ်းလုံးမွှေးတဲ့ အလှဆုံးပန်းတွေနဲ့လည်း ဓာတ်ဖမ်းခဲ့ပြီးသလို ကမ္ဘာကျော် "Leonardo da Vinci" Museum ရှေ့မှာ အမှတ်တရ ပုံရိပ်တွေကိုရိုက်ကူးခဲ့ပြီး ဗဟုသုတရဖွယ် တင်ဆက်ပြသထားတာပါ...။ မြင်သူတိုင်း ကြည်နူးပျော်ရွှင်စေမယ့် post တွေကို အကျိုးရှိစွာ တင်ပေးနေတဲ့ နန်းခင်လေးကို ဆက်လက်အားပေးသွားကြပါဦး....။

Source Nang Khin Zay Yar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။