မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံး beauty blogger ဆိုတာနဲ့နေခြည်ဦးကိုပြေးမြင်မိမှာပါ။သူကတော့မြန်မာနိုင်ငံမှာသာမကနိုင်ငံတကာမှာသာအလှအပရေးရာတွေကိုလုပ်ကိုင်နေတာပါ။သူရဲ့အောင်မြင်မှုတွေကတော့မြန်မာနိုင်ငံမှာပရိသတ်တွေအားကျစံထားနေရတာလည်းဖြစ်ပါတယ်။

လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ ဧည့်သည် ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေကြားမှာအရမ်းကိုနာမည်ကြီးရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကကိုအချိန်တိုအတွင်းမှာ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အောင်မှုများစွာရရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း သရုပ်ဆောင်နေတိုးနဲ့အတူ “ အခမ်းနားဆုံး မေတ္တာ ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုတွဲဖက်ရိုက်ကူးနေတာပါ။ 

သူမဟာ လက်ရှိမှာတော့ Project K အဖွဲ့နဲ့ Hearty Heart ကြော်ငြာရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ရိုက်ကွင်းလေးဟာအရမ်းကိုပျော်စရာကောင်းပြီး တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြရင်းနဲ့ ရိုက်ကူးနေကြတာလည်း ဖြစ်ပါတယ်။ ချီချီဟာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမနဲ့ Project K အဖွဲ့တို့ပျော်ပျော်ပါးပါး Tik Tokကစားထားတာလေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ဘာဘီရုပ်မလေးလို ချစ်စရာကောင်းပြီး အမိုက်စား Tik Tok လေးကစားထားတဲ့ ချီချီရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။