ပရိသတ်ကြီးရေ အဆိုတော်မေခလာကတော့ တေးသီချင်းလောကမှာ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတဲ့ ဝါရင့်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။မေခလာရဲ့သီချင်းတွေကလည်း ဟိုးအရင်ကတည်းကနေ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတာပါနော်။အခုချိန်မှာဆိုရင်မေခလာကတော့ ချစ်ရတဲ့မိသားစုနဲ့အတူတူ ပျော်ရွှင်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။

အဆိုတော်ချစ်ကောင်းကလည်းပဲ သီချင်းတွေသီဆိုရင် ဟန်ပန်အပြည့် မာန်အပြည့်နဲ့ သီဆိုတတ်တဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကလည်း အကျိတ်အနယ်ကိုအားပေးကြတာပါနော်။ချစ်ကောင်းရဲ့သမီးလေး အိမ့်ချစ်ကလည်း ဖေဖေ့ရဲ့အနုပညာအမွေကိုဆက်ခံပြီး တေးသီချင်းလောကမှာ အောင်မြင်နေတာဖြစ်ပါတယ်။အဆိုတော်ချစ်ကောင်းကတော့ ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ရင်ကိုလွှမ်းမိုးထားနိုင်ဆဲပါနော်။

မေခလာနဲ့ချစ်ကောင်း တို့က ဟိုးအရင်ကတည်းက အရမ်းခင်မင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။သူငယ်ချင်းနှစ်ယောက်ရဲ့ စုံတွဲသီဆိုထားတဲ့သီချင်းကောင်းကောင်းလေးတွေကိုလည်း ပရိသတ်တွေကကြိုက်နှစ်သက်ကြပါတယ်နော်။အခုဆိုရင်တော့ မေခလာက"ချစ်၂ချစ်နဲ့ 50မွေးနေ့မှာ ကိုယ်ဟာအဖြူဆို သူကအမဲဒီအဖြေလေးကရှင်းနေသားပဲ"ဆိုပြီး သူငယ်ချင်းနှစ်ယောက်ရဲ့၅၀ပြည့်မွေးနေ့လေးမှာ အတူတူသီဆိုခဲ့ကြတဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:May Khalar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။