အန္တရယ်ရှိသတ္တဝါတွေထဲမှာ ပရိသတ်တွေကြားရေပန်းစားနေတဲ့ ပဒူအုံသတင်းတွေကတော့ ပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီကလည်း ရန်ကုန်တိုင်းသေကြီးဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂)ရပ်ကွက်၊ ဦးကြင်ဥ(၃)လမ်းနှင့် မြခင်းသာလမ်းထောင့်မှာတည်ရှိ ပဒူအုံနဲ့ ပဒူကောင်များတည်ရှိရာ ကုက္ကိုလ်ပင်ကိုလည်း သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။  

ဇွန်လ ၁၃ ရက်နေ့ မနေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့ရှိ ဗိုလ်ချို(၂) ရပ်ကွက် ကန်တော်ကြီးပန်းခြံအတွင်းရှိ ပျဉ်မပင်တွင်လည်း ပဒူအုံများအန္တရယ်ပေးနေတာကြောင့် သွားရောက်ရှင်းလင်းမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါလုပ်ဆောင်မှုကို စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှသန္ဓေတပ်ဖွဲ့ဝင် (၁၀)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၈) ဦးတို့က ည ၇ နာရီအချိန်တွင် သွားရောက် ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။  

အနီးနားနေဒေသခံတွေကို အနှောက်အယှက်ပေးရုံသာမက ထိခိုက်မှုတွေပါရှိလာသောကြောင့် တိုင်တမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ အချို့ ပဒူအုံရှင်းလင်းမှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - MYanmar Fire Services Department 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။