နေ့စဉ်နီးပါးဖြစ်ပျက်နေတဲ့ ယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုတွေကတော့ ပရိသတ်တွေကို အထိပ်တလန့်ဖြစ်စေမှာအမှန်ပဲဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၄ရက်နေ့မှာလည်း ခရီးသည်တင် မှန်လုံကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်မူဆယ်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တာပါတယ်။  

ခရီးသည်တင်မှန်လုံယာဉ်အရှိန်လွန်တိမ်းမှောက်မူကြောင့် (၁၇)ဦးဒဏ်ရာရရှိခဲ့ပြီး (၂)ဦးသေဆုံးခဲ့သည်ဟုသိရပါတယ်။ဖြစ်စဉ်မှာ ဇွန်(၁၄)ရက် ဒီကနေ့ နံနက်(၉)နာရီ ခန့် လားရှိုးဘက်မှမူဆယ်ဘက်သို့ယာဉ်မောင်း ဇော်မင်းသိန်းအသက်(၃၄)နှစ် မောင်းနှင်လာသည့် MDY/9B----- မူဆယ်သူ ခရီးသည်တင် မှန်လုံယာဉ်အပြာရောင်သည် မူဆယ်မြို့နယ်အတွင်း တုန်ခန်ကျေးရွာနှင့်နမ့်ခွမ်ကျေးရွာကြား မြကန်သာစက္ကူစက်ရုံအနီး ပြည်ထောင်စုလမ်းမကြီးဘေး မိုင်တိုင်အမှတ်(၂၇၈/၁နှင့်၂ ကြားအရောက်အရှိန်လွန်၍ အဖြူရောင်ယာဉ်၏နောက်အား ဝင်ရောက်တိုက်မိခဲ့ပြီး လမ်း ဘယ်ဘက်ခြမ်းရှိ ရေမြောင်းကို ကျော်ခွပြီးကြံခင်းထဲသို့ထိုးကျ တိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါ ယာဉ်တိမ်းမှောက်ခဲ့သည့်နေရာသို့ မူဆယ်မြို့ရှိအမှတ်၁၂၃ယာဉ်ထိန်းတပ်ဖွဲ့မှဒုရဲမှူးချစ်စိန်နှင့်အတူယာဉ်ထိန်းတပ်ဖွဲ့ဝင်များ မူဆယ်မြို့မီးတပ်သတ်ဖွဲ့ဝင်များ (၁၀၅)မိုင် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ မြို့နယ်အတွင်းရှိ လူမူရေးအသင်းအဖွဲ့များ အချိန်မှီရောက်ရှိလာပြီးကြည့်ရှု့စစ်ဆေးခဲ့ရာ ယာဉ်တိမ်းမှောက်မူကြောင့်ယာဉ်မောင်းသူပျောက်ဆုံးနေကြောင်းနှင့် ယာဉ်ပေါ်ပါ ခရီးသည် တစ်ဦးနှင့်ကားစပယ်ယာ တစ်ဦး သေဆုံးခဲ့ပြီး ခရီးသည် (၁၇)ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရပါတယ်။ လက်ရှိ သေဆုံးသွားသူများနှင့် ဒဏ်ရာရှိသူများကို လူမူရေးအသင်းအဖွဲ့ကားများဖြင့်မူဆယ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး အခင်းဖြစ်ပွားမူအားဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။ ဆိုးရွားနေတဲ့ ရာသီဥတုကြောင့် မကြာခဏဖြစ်ပေါ်လျှက်ရှိတဲ့ ယာဉ်တိုက်မှုတွေထဲက ဒီကနေ့ ပုံရိပ်အချို့ကို မျှဝေပေးရင်း ယာဉ်မောင်းသူတွေသတိပြုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Photos - Myanmaalin 

vide0 - Ye Lin Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။