သိပ်မကြာမီ လပိုင်းက ရုံတင်ပြသခဲ့တဲ့ Avengers Endgame ရုပ်ရှင်ဟာ နိုင်ငံတော်တော်များများက စူပါဟီးရီုး ပရိသတ်တွေကြားမှာ အင်မတန်ရေပန်းစားခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။

စိတ်မကောင်းစွာပဲ ၎င်းရုပ်ရှင်ထဲမှာ ပရိသတ်တွေရဲ့ အချစ်တော် Iron-man သေဆုံးသွားခဲ့ရပေမယ့် ၎င်းရုပ်ရှင်ကားဟာ နိုင်ငံတော်တော်များများမှာ စံချိန်တင်ဝင်ငွေတွေ ရရှိခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။

သိပ်မကြာခင်အချိန်တခုမှာဆိုရင်တော့ Marvel Studio ကရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ၎င်း Avengers Endgame ကို ဗီဒီယိုဂိမ်းအဖြစ် အသက်သွင်းပြုလုပ်သွားတော့မယ်လို့ သိရပါတယ်။

၎င်းဗီဒီယိုဂိမ်းကိုတော့ Captain America , Iron Man , Hulk , Black Widow , Thor စတဲ့ Avengers ငါးဦးနဲ့ စတင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၎င်း Avengers ဗီဒီယိုဂိမ်းကိုတော့ နောက်လာမယ့် ၂၀၂၀ ခုနှစ် မေလမှာ စတင်မိတ်ဆက်ပေးသွားမှာဖြစ်ပြီး ပလက်ဖောင်းမျိုးစုံကနေ မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ သိကြပါတယ်။

အဲ့တော့ Marvel ကစူပါဟီးရိုး ဇာတ်ကောင်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးရေ ဒီဂိမ်းလေးကို ဆော့ဖို့ အချိန်ခနတော့ စောင့်ဆိုင်းပေးကြပါဦးနော်။

ပရိသတ်တွေအတွက် ဗီဒီယိုဂိမ်းကိုအစချီထားတဲ့ ဗီဒီယိုလေးကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

Source – Marvel Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။