နိုင်ငံကျော်တေးသံရှင်များစွာမွေးထုတ်ပေးလျှက်ရှိတဲ့ ပြည်တွင်းအစီအစဉ်တွေထဲမှာ Myanmar Idol အစီစဉ်ကို ပရိသတ်တွေလည်း အားပေးကြမယ်ထင်ပါတယ်။ ၃နှစ်ဆက်တိုက် အကောင်းဆုံးအစီအစဉ်တစ်ခုအဖြစ်ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပြီး နာမည်ကြီး အဆိုတော်တွေကိုလည်း မွေးထုတ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။  

လက်ရှိ Myanmar Idol အစီစဉ်ကတော့ အစီစဉ်အသစ်တစ်ခုအဖြစ် Myanmar Idol Season 4 ကို ထပ်မံပြုလုပ်ရန်စတင်လုပ်ဆောင်လျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါ အစီအစဉ်မှာတော့ ယခင်ဒိုင်တွေထဲက တင်ဇာမော်တစ်ဦးသာ ပါရှိပြီး ကျန်ဒိုင်တွေကတော့ အသစ်တွေကို ထပ်မံခန့်အပ်ထားတာတွေ့ရပါတယ်။ အဆိုပါ ဒိုင်တွေကတော့ ပရိသတ်တွေလေးစားအားကျရတဲ့ တေးရေး အောင်ကိုလတ်နှင့် နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းတို့ပဲဖြစ်ပါတယ်။ 

လက်ရှိ ပြည်တွင်း ယှဉ်ပြိုင်မှုတွေအတွက်စတင်နေပြီဖြစ်ပြီး ရှမ်းပြည်ပင်းတယမြို့မှာ အသံစစ်ဆေးမှုတွေပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။ ပရိသတ်အကြိုက်အစီစဉ်တစ်ခုဖြစ်လာမည့် Myanmar Idol Season 4 အသံစစ်ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

photos - Myanmar Idol

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။