ချစ်သူရည်စားတွေဆိုတာတော့ ဘယ်လောက်ပဲနှစ်တွေအကြာကြီး ချစ်လာချစ်လာ တချိန်မှာသဘောထားမတိုက်ဆိုင်ကြတော့ရင်တော့ အကြောင်းအမျိုးမျိုးနဲ့ လမ်းခွဲကြတတ်ပါတယ်။

လမ်းခွဲတဲ့အချိန်မှာ တချို့သောစုံတွဲတွေဟာ ခံစားချက်တွေပေါက်ထွက်လွန်ပြီး ကိုယ့်ရဲ့ချစ်သူရည်းစားကို တခုခုလုပ်ပစ်တတ်ပါတယ်။

ထို့အတူပဲ Adaia Lopex လို့ခေါ်တဲ့အမျိုးသမီးလေးဟာ လမ်းခွဲကြရအောင်လို့ပြောလာတဲ့ ချစ်သူကောင်းလေးရဲ့ လျှာကို ကိုက်ဖြတ်ပစ်ခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုဟာဆိုရင်လည်း လူမှုကွန်ယက်ပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်နေတာတွေ့ရပါတယ်။

Adaia ကတော့ သူမရဲ့ချစ်သူကို နောက်ဆုံးအနမ်းလေးပေးရအောင်ဆိုပြီး တောင်းဆိုကာ အနမ်းပေးတဲ့အခါမှာ ချစ်သူကောင်းလေးရဲ့ လျှာကို ကိုက်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

သူမအနေနဲ့ဆိုရင်လည်း ချစ်သူကောင်လေးက လမ်းခွဲဖို့ပြေတာကို လုံးဝလက်မခံနိုင်ပါဘူး ဒါပေမယ့် သူက နောက်တစ်ကြိမ်ထပ်ပြောလာတာကြောင့် အရမ်းစိတ်ဆိုးလာပြီး အချိုသပ်ကာ လမ်းခွဲကြရအောင်ပြောတဲ့ လျှာကို ကိုက်ဖြတ်ပစ်ခဲ့တာဖြစ်တယ်လို့ ပြောကြားထားတာတွေ့ရပါတယ်။

တချို့သူတွေကတော့ သူမဒီလိုလုပ်တာမမှားဘူး မှန်တယ်လို့ ထောက်ခံပြောဆိုနေကြပေမယ့် တရားဥပဒေသတော့ သူမကိုခွင့်မလွှတ်ခဲ့ပါဘူး။

ပရိသတ်တွေရော သူမရဲ့လုပ်ရပ်ကို မှန်တယ်လို့ ထင်လား မှားတယ်လို့ထင်လားဆိုတာ ပြောပြခဲ့ကြဦးနော်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။