ရုပ်သံဇာတ်လမ်းတွဲများအပြင် ရုပ်ရှင်ဇာတ်ကားကြီးများတွင်ပါ ပါဝင်သရုပ်ဆောင်လာပြီး ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ရရှိလာသူကတော့ သရုပ်ဆောင်တိုင်ရွန်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင်မှုများဟာလည်း တဖြည်းဖြည်းနဲ့ပီပြင်လာပြီပဲဖြစ်ပြီး အနုပညာလမ်းကြောင်းမှာလည်း အောင်မြင်မှုများစွာရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ တောင့်တင်းသန်မာတဲ့ဘော်ဒီအမိုက်စားတွေကြောင့်လည်း နှုတ်ခမ်းနီမလေးတွေရဲ့ဝန်းရံခြင်းကို ခံနေရတာပါ။

သူဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲများတွင်လည်း ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိထားသူပါ။ လက်ရှိမှာလည်း ကြော်ငြာများစွာလက်ခံရိုက်ကူးနေရတဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးများလည်း ရိုက်ကူးနေရတာပါ။ ဒီလိုမအားလပ်တဲ့ကြားကပင် ပွဲအခမ်းအနားများလည်း တက်ရောက်နေတာပါ။ 

တိုင်ရွန်ဟာ သူငယ်ချင်းများနဲ့အတူ ဘားအံကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းကလည်း သူငယ်ချင်းအောင်လေးကိုအကြီးအကျယ်ဆေးထိုးထားတဲ့ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပါ။ အောင်လေးအိပ်နေချိန်မှာ အခန်းထဲကိုခိုးဝင်ကာ ခြေထောက်ကိုမီးခြစ်နဲ့မီးရှို့ကာ စလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီဗီဒီယိုဖိုင်လေးကို ကြည့်ရှုအားပေးကြပါဦးနော်။

Source- Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။