နှစ်စဉ်ကျင်းပပြူလုပ်လျှက်ရှိတဲ့မိုးရာသီ စိုက်ပျိုးမှုကိုတော့ လက်ရှိတောင်သူလယ်သမားအများစု လုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။ ဌာနဆိုင်ရာများ၊ ကျောင်းသူကျောင်းသားများ၊ ပရဟိတအသင်းအဖွဲ့များ သစ်ပင်ချစ်သူများ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်တွင် စိုက်ပျိုးမည့်မြေကျွန်းများအား မြေသြဇာထည့်ခြင်းနှင့် ရေလောင်းမြေနှပ်ခြင်းကို ဒီကနေ့နံနက် ၇ နာရီက ရေနံချောင်းမြို့ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၆/၅) အနီး၌ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

အဆိုပြုလုပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာချို၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူး နှင့် ဌာနဆိုင်ရာများ၊ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား ကျောင်းသူများ၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေထူးနိုင်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စိတ်ဝင်စားသူပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း နှင့် ပရဟိတအသင်းအဖွဲ့များမှ ရေသယ်ယာဉ်များမှ ရေများကို တက်ရောက်လာသူများက ရေပုံးများဖြင့် လက်ဆင့်ကမ်းသယ်ဆောင်ပြီ မြေကျွန်းများအား ရေလောင်းခဲ့ကြပါတယ်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၁၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ကုက္ကို၊ ရှား၊ ပင်လယ်ကဗွီး၊ ပန်းမယ်ဇလီ၊ စိန်တံချူ၊ ပဲချယ်ရီ၊ မာတာကွတ်၊ ယူကလစ် စသည့် စုစုပေါင်း အပင် ၂၀၀၀ ခန့် စိုက်ပျိုးရန် လျာထားကြောင်း သစ်တောဦးစီးဌာနမှ သိရပါတယ်။ နှစ်စဉ်ပြုလုပ်မှုတွေထဲမှာ စည်စည်ကားကားတက်ညီလက်ညီလုပ်ဆောင်ခဲ့တဲ့ ဒီကနေ့ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

Sorce - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။