2014 တွင် အသက် ၂၀ ပြည့်ပြီးနောက် ယခု အသက် ၂၂ ရှိနေပြီဖြစ်သောJustin Bieber သည် ဆယ်ကျော်သက်မဟုတ်တော့သော်လည်းသူ့အပြုအမူတွေက ကလေးဆန်နေစဲပဲဖြစ်သည်။ သူ၏ချစ်သူအသစ်ဖြစ်သူ Sofia Richie နဲ့ ပုံတင်လိုက်ရာမှ ပြဿနာတွေအားလုံးစတင်ခဲ့သည်။

Richie သည် အသက် ၁ရနှစ်ရှိပြီးဖြစ်သော မော်ဒယ်တစ်ယောက်ဖြစ်ပြီး သူမအဖေမှာလည်း နာမည်ကြီး အဆိုတော်ဖြစ်သည့် Lionel Richie ဖြစ်သည်။ Justin Bieber နဲ့ တွဲနေသည်မှာလည်း တပတ်ကျော်ကျော်လောက်ပဲရှိသေးသည်။

Justin တင်လိုက်သည့် သူတို့ချစ်သူနှစ်ယောက်ပုံမှာလဲ Beliebers တွေကြားမှာ ပွက်လောရိုက်သွားခဲ့ပြီး ကောမန့်ထဲတွင် Richie နဲ့ သူ၏ relationship ကိုမကောင်းပြောခဲ့ကြသူများပြားခဲ့သည်။

ထိုကောမန့်များကိုတော့ Justin သည် ကောင်းကောင်းမွန်မွန်မတုန့်ပြန်ပဲ သူ၏ IG account ကို Private လုပ်မယ်လို့လဲ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ထိုကဲ့သို့ပြုလုပ်ခြင်းဟာ Justin ရဲ့ fan (Beliebers) တွေအတွက်တော့ အောက်ဆီဂျင်ကိုဖြတ်တောက်လိုက်တာနဲ့ ဘာမှ မကွာခြားတဲ့ လုပ်ရပ်ပါ။

ထိုကိစ္စနဲ့ပတ်သက်ပြီးတော့လဲ Selena နဲ့ ပြဿနာတတ်ခဲ့ ပါသေးသည်။ Selena က Justin သူ့ Believers တွေအပေါ် ယခုလိုဆက်ဆံတာ မကောင်းဘူးလို့ Justin ကို ဆုံမတဲ့ အနေနဲ့ရေးခဲ့ပြီးနောက် သူတို့နှစ်ယောက်အပြန်အလှန် post တွေတင်ကာရန်ဖြစ်ကြသေးသည်။

ထိုကိစ္စတွေအပြီး မှာတော့ Justin Bieber တစ်ယောက် Instagram ကနေအပြီးအပိုင်ထွက်သွားခဲ့ပါပြီ။ သူ့အကောင့်ကို ဖြတ်လိုက်သည့် အတွက် Beliebers များမှ စိတ်ပျက်မှုများဖြစ်ခဲ့ကြသည်။ တချို့ ကတော့ သူတို့ကို အခုမှရတဲ့ ရည်းစားလောက်တောင် အရေးမထားလို့ စိတ်ဆိုးတဲ့သူရှိသလို၊ တချို့ကလဲ Justin က သူတို့အပေါ်အဲ့လောက်ထိလုပ်ရက်လားလို့ ဝမ်းနည်းသူများလဲရှိပါသည်။ Justin Instagram ကမထွက်ခင် like လုပ်ခဲ့တဲ့ 'I Love My Belibers' ဆိုတဲ့ ဟာလေးကိုကြည့်ပြီးဖြေသိမ့်နေသူများလဲ ရှိသေးသည်။

Instagram မှ Justin ထွက်သွားခြင်းသည် လူမှုကွန်ရက်များမှ အပြီးအပိုင် ထွက်သွားခြင်း မဟုတ်သောကြောင့် သူ့ကို Facebook တို့ Twitter တို့မှာ ရှာတွေ့နိုင်သေးသည်။ သို့သော်လည်း ယခုလိုပြုမူလိုက်သည့် အတွက် Justin အပေါ် Belibers များစိတ်ပျက်စေသည်မှာ မလွဲမသေ ပင်ဖြစ်ပါသည်။

Selena နဲ့ Justin ရဲ့ တိုက်ပွဲကိုအသေးစိတ်သိချင်ရင် ဒီ link ကို နှိပ်လိုက်ပါ။

http://www.myanmarload.com/news/47

Translated by Anna

Source: CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။