ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို ဖော်ပြချင်တဲ့ အကြောင်းအရာလေးကတော့ မက္ကစီကို ဂန်းစတားအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အမျိုးသမီးတစ်ဦးအကြောင်း ဖော်ပြပေးချင်ပါတယ်။ သူမရဲ့ နာမည်ကတော့ Claudia Ochoa Felix ဖြစ်ပြီး မက္ကစီကန်လူမျိုးတစ်ဦးဖြစ်ပါတယ်။ သူမကို ဒုစရိုက်လောကမှာ မသိသူမရှိသလောက်ကိုရှားပြီး မြေအောက်လောကရဲ့ Kim Kardashian လို့တောင် တင်စားပြီးခေါ်ဝေါ်ခဲ့ကြပါတယ်။ အကြောင်းကတော့ သူမရဲ့ လူမှုကွန်ယက်ဖြစ်တဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ ခန္ဒာကိုယ်အသားပေး ဓာတ်ပုံတွေ ကြောင့်ပဲ ဖြစ်ပါတယ်။

၂၀၁၄ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ မီဒီယာသတင်းတွေအရ သူမဟာ Los Ántrax ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်သူမဟာ သွေးအေးအေးနဲ့သတ်ခဲ့တဲ့ လူသတ်မှုပေါင်းများစွာမှာလည်း ပါဝင်ပတ်သက်နေခဲ့တယ်လို့ သံသယရှိခံထားရသူလည်း ဖြစ်ပါတယ်။ Felix ဟာ ဒီရာထူးနေရာကို သူမရဲ့ ချစ်သူဆီကနေ လွှဲပြောင်းရယူခဲ့တာဖြစ်ပြီး သူမရဲ့ ချစ်သူကတော့ မက္ကစီကိုတံတားအနီးမှာ အခံရတဲ့ လူသုံးယောက်အတွက် အဓိကပါဝင်ပတ်သက်နေခဲ့လို့ အဖမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Felixဟာ အသက် ၃၀နီးပါး ရှိပြီး သူမရဲ့ ချောမောလှပတဲ့ ရုပ်ရည်အပြင် ကြွယ်ဝတဲ့ စည်းစိမ်တွေရှိနေပေမယ့်လည်း ပုရိသတွေက အနားကပ်ဖို့ ကြောက်လန့်နေခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာမကြာခဏဆိုသလို ဈေးဝယ်ထွက်တဲ့အပြင် သူမရဲ့ အဝတ်အစားဒီဇိုင်းတွေဟာလည်း နာမည်ကြီးဒီဇိုင်နာတွေကိုသာအပ်ပြီး ဝတ်ဆင်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Felix ဟာလက်ရှိကမ္ဘာ့ အကြမ်းဆုံး အမျိုးသမီး ဂန်းစတား ၁၀ယောက်စာရင်းထဲမှာ ပါဝင်ထားတဲ့သူလည်း ဖြစ်တာကြောင့် ပုရိသတွေက အနားကပ်ဖို့ကြောက်လန့်နေတာလည်း ဖြစ်ပါတယ်။

Source : MDNS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။