ပီအက်ဂျီအသင်းဟာသူတို့အသင်းရဲ့တိုက်စစ်မှူးနေမာကိုရောင်းထုတ်ဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။နေမာကတော့ဘာစီလိုနာအသင်းကနေပီအက်ဂျီအသင်းကိုကမ္ဘာ့စံချိန်တင်ကြေးနဲ့ရောက်လာတာဖြစ်ပြီးခုမှာတော့ဒဏ်ရာပြဿနာတွေကြောင့်အသင်းပြောင်းရွေ့ဖို့စီစဉ်နေတာဖြစ်ပါတယ်။

နေမာကတော့ပီအက်ဂျီအသင်းမှာလည်းဒဏ်ရာရခဲ့ပြီးချန်ပီယံလိဒ်ပြိုင်ပွဲကိုတောင်လွဲချော်ခဲ့ရသလိုခုမှာလည်းဘရာဇီးအသင်းရဲ့ကိုပါအမေရိကပွဲမှာတောင်လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ဒီတစ်ရာသီလုံးမှာဒဏ်ရာကြောင့်အရေးကြီးပွဲစဉ်တော်တော်များများကိုလွဲချော်ထားရတာဖြစ်ပါတယ်။ကစားသမားကိုယ်တိုင်ကလည်းပီအက်ဂျီအသင်းမှာပွဲထွက်ခွင့်တွေဆုံးရှုံးနေတာကြောင့်အသင်းပြောင်းဖို့စီစဉ်နေတာပါ။

နေမာကိုရီးရဲအသင်းကခေါ်ယူဖို့သတင်းတွေထွက်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့သတင်းတွေကငြိမ်သွားခဲ့ပါတယ်။ပရိသတ်တွေကတော့အသင်းဟောင်းဘာစီလိုနာအသင်းကိုပြန်ပြောင်းရွေ့ဖို့မျှော်မှန်းနေတာဖြစ်ပြီးအပြောင်းအရွေ့ကတော့ဖြစ်လာမလားဆိုတာဆက်လက်စောင့်ကြည့်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။