ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က တရုတ်နိုင်ငံမှာ ငလျင်လှုပ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

၎င်းငလျင်ကတော့ တရုတ်နိုင်ငံတောင်ပိုင်း စီချွမ်ပြည်နယ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပီး ၂ ကြိမ်တောင်လှုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြင်းအားအနေနဲ့ဆိုရင်လည်း ရစ်ချ်တာစကေား ၅.၉ နဲ့ ၅.၂ တို့ရှိခဲ့သလို မြေအောက်အနက် ၆ မိုင်ကိုဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

၎င်းငလျင်လှုတ်ခတ်မှုကြောင့်ဆိုရင်လည်း တရုတ်နိုင်ငံအတွင်းများစွာ ထိခိုက်ပျက်စီးခဲ့ရသလို လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

သေဆုံးသူဦးရေဟာဆိုရင်လည်း ကနဦးသတင်းများအရ ၁၁ ယောက်ရှိနေပြီလို့သိရပြီး နောက်ထပ် ထပ်တိုးလာနိုင်သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူတွေများစွာရှိနေပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အဆောက်အဦးတွေအောက်မှာ ပိနေတဲ့ လူတွေကို ကြိုးစားကယ်တင်နေတယ်လို့လည်း သိရပါတယ်။

Source - CNA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။