လစ်လပ်နေတဲ့နည်းပြရာထူးအတွက်ချယ်လ်ဆီးအသင်းဟာအသင်းရဲကစားသမားဟောင်းလမ်ပတ်ကိုခန့်အပ်ဖို့ဆွေးနွေးမှုတွေလုပ်နေပြီဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာယူရိုပါလိဒ်ဖလားကိုရယူပေးနိုင်ခဲ့တဲ့ဆာရီဂျူဗင်တပ်အသင်းကိုထွက်ခွာသွားတာကြောင့်နည်းပြတစ်ဦးကိုရှာဖွေနေတာဖြစ်ပါတယ်။

လမ်းပတ်ဟာဒါဘီကောင်တီအသင်းကိုနည်းပြအဖြစ်ဆောင်ရွက်ခဲ့ပြီးရလဒ်ကောင်းတွေရအောင်စွမ်းဆောင်နိုင်တာဖြစ်ပါတယ်။ဒါကြောင့်ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေနဲ့ပရိသတ်တွေကလည်းအသင်းမှာနှစ်ပေါင်းများစွာကြာကစားခဲ့ပြီးအောင်မြင်မှုတွေယူပေးခဲ့တဲ့ကစားသမားဟောင်းလမ်းပတ်ကိုခေါ်ယူချင်နေတာပါ။မိုဗစ်ကိုယ်တိုင်ကလည်းလမ်းပတ်ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေတာဖြစ်ပါတယ်။

လမ်းပတ်အနေနဲ့လည်းသူ့ရဲ့အသင်းဟောင်းကိုပြန်လာစေချင်တာကြောင့်မကြာခင်နည်းပြအဖြစ်မြင်တွေ့ရဖွယ်ရှိနေတာပါ။ချယ်လ်ဆီးအသင်းကလည်းဒီနှစ်ရာသီမှာတော့အသင်းရဲ့အဓိကကစားသမားဟာဇက်ရီးရဲမက်ဒရစ်အသင်းကိုပြောင်းရွေ့သွားတာကြောင့်အသင်းကိုကစားသမားကောင်းတွေနည်းပြကောင်းတွေနဲ့ဖြည့်တင်းဖို့လိုအပ်နေတာဖြစ်ပါတယ်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။