UEFA ဥက္ကဠဟောင်းတစ်ဦးဖြစ်တဲ့ ပလာတီနီကတော့ခုမှာလက်စားမှုနဲ့ဖမ်းဆီးခံလိုက်ကပြီဖြစ်ပါတယ်။ပလာတီနီကတော့၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ရွေးခြယ်ပွဲမှာလက်စားခဲ့တာဖြစ်ပါတယ်။၂၀၂၂ကမ္ဘာ့အိမ်ရှင်ရွေးခြယ်ပွဲအတွက်လက်စားခဲ့တဲ့ဘောလုံးအဖွဲ့ချုပ်အရေအတွက်ဟာများပြားလာပြီဖြစ်ပါတယ်။

ကာတာနိုင်ငံဟာကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ဖို့အတွက်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အသီးသီးရဲ့ထောက်ခံမှုကိုလိုနေချိန်မှာခုလိုလက်ပေးတဲ့ကိစ္စတွေနဲ့ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်စေခဲ့တာပါ။ပလာတီနီကတော့ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဠနေရာမှာနှစ်တော်တော်ကြာဆောင်ရွက်ခဲ့ပြီးတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပေမယ့်ခုလိုလက်ပေးလက်ယူကိစ္စတွေကတော့ပရိသတ်တွေရှုံ့ချစရာပဲဖြစ်ပါတယ်။

ပလာတီနီကတော့ခုမှာနောက်ထပ်စစ်ဆေးခံရမှာတွေရှိနေသေးတာလည်းဖြစ်ပါတယ်။နောက်ထပ်၂၀၂၂ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ရွေးခြယ်ပွဲမှာလက်စားထားတဲ့သူတွေရှိမရှိကိုလည်းဖော်ထုတ်ဖို့ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်နောက်ထပ်ပလာတီနီဘာတွေထုတ်ပြောမလဲဆိုတာကိုသိဖို့ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

SOURCE:Mirror Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။