'မန်ယူအသင်းကတော့ ပြီးခဲ့တဲ့ ရာသီမှာ ဆုဖလားတွေနဲ့ ဝေးနေတဲ့ အပြင် ဆုတံဆိပ်တွေတောင် မရရှိတော့တာပဲဖြစ်ပါတယ်။ရာသီပိတ်ပွဲစဉ်အပြီးတုန်းကလဲ ပရိသတ်တဦးကတော့ လာနှုတ်ဆက်တဲ့ ပေါ့ဂ်ဘာကို ဒေါသထွက်ခဲ့ပြီး နည်းပြဆိုးလ်ရှား အနေနဲ့ ပေါ့ဂ်ဘာကို ရောင်းချပေးပါလို့ အော်ဟစ် တောင်းဆိုသွားခဲ့သလို ဆဲဆိုတာတွေလည်း လုပ်ခဲ့ပြီး ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကို အလည်အပတ်ရောက်ရှိပြီးပျော်နေတဲ့ ပေါ့ဘာဟာ မီဒီယာတွေရှေ့မှာ မန်ယူအသင်းကထွက်ခွာချင်လို့ အရိပ်အမြွတ်ပြောကြားခဲ့ပြီး ရီးရဲအသင်းဆီပြောင်းချင်နေခဲ့တာပဲဖြစ်ပါတယ်။ မန်ယူက ထွက်ခွာချင်လို့ ပြောကြားထားတဲ့ ပေါ့ဘာကိုမှ လစာနှစ်ထက်ပေးပြီး စာချုပ်သက်တမ်းတိုးချင်နေခဲ့တာ့ပဲ ဖြစ်ပါတယ်။  

ပေါ့ဘာမှာ လက်တလောမှာတော့ တပတ်လုပ်ခ ပေါင် ၂ သိန်း ၉ သောင်းရရှိနေပြီးတော့ နှစ်ဆနီးပါး များတဲ့ လစာငွေကို တိုးမြှင့်ပေးဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စွန့်ခွာပြီးတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ထက်သန်နေတာကြောင့် ငြင်းပယ်ဖို့ ရှိတာပဲဖြစ်ပါတယ်။

source: the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။