လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မြန်မာ့ကိုယ်စားပြုနိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး နိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့နဲ့ ထိုင်းရိုးရာလက်ဝှေ့နှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်သလို လက်ရှိနိုင်ငံအဆင့်မီပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုနှင့်အတူ ကြိုးစားအားထုတ်မှုများစွာကိုလည်းမကြာခနပြသတက်သူတစ်ဦးလည်းဖြစ်ပါတယ်။   

ကနေဒါနိုင်ငံသားတစ်ယောက်ဖြစ်တာနဲ့အညီ မိခင်မြေကို မကြာခဏပြန်လေ့ရှိပြီး မြန်မာ့လက်ဝှေ့ပညာတွေကို မျှဝေပေးလျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီကလည်း ဒေဝကတော့ အဖွားဖြစ်သူကို သူ့ရဲ့ကိုယ်ပေါ်မှာထိုးထားတဲ့ ထိုးကွင်းတွေကို ပြသခဲ့တာတွေ့ရပါတယ်။ အဆိုပါ ထိုးကွင်းကတော့ မြန်မာ့သူရဲ့ကောင်းတွေထိုးလေ့ရှိတဲ့ မြန်မာ့ရိုးရာတက်တူးတမျိုးဖြစ်ပြီး ယနေ့ခေတ်မှာတိမ်မြုက်နေတဲ့ ရိုးရာဓလေ့တစ်ခုပဲဖြစ်ပါတယ်။  

မြန်မာ့ကိုယ်စားပြုချန်ပီယံတစ်ဦးဖြစ်တာနဲ့အညီ သူ့ရဲ့ကိုယ်ပေါ်မှာ ထိုးထားခဲ့ပြီး မြန်မာလူမျိုးတစ်ယောက်အဖြစ် ခံယူထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ မြန်မာ့ထိုးကွင်းကို အဖွားဖြစ်သူထံ သွားရောက်ပြသခဲ့တဲ့ ဒေဝရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြသလိုက်ပါတယ်။

vide0 - Dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။