မြို့နေ့ပြည်သူတွေသာမက ကျေးလက်ဒေသနဲ့ အနာဂတ်ကလေးငယ်များ အန္တရယ်ကင်းရှင်းရေးအတွက် အသိပညာပေးလုပ်ငန်းတွေနဲ့အတူ လက်ကမ်းစာစောင်တွေကို မကြာခဏလုပ်ဆောင်လေ့ရှိတာတွေ့ရပါတယ်။ ဒီကနေ့ ဇွန်လ ၁၈ရက်နေ့တွင်လည်း ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်မှုတွေကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါလုပ်ဆောင်မှုကတော့ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အ.ထ.က(၁)ကျောင်းရှေ့ လမ်းမကြီးပေါ်၌ ဒီကနေ့နံနက် (၉)နာရီက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။၎င်းလုပ်ဆောင်မှုတွင် တပ်ကြပ်ကြီး သန်းရွှေ ဦးဆောင်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ ၂၀၁၉-၂၀၂၀ခုနှစ် ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာ စွာပညာသင်ကြားနိုင်ရေးနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း စနစ်တကျ ရှိစေရေးအတွက် ယာဉ်မောင်းလာသူနှင့် ကျောင်းသားကျောင်းသူများ အန္တရာယ် ကင်းရှင်းရေး အတွက် အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရပါတယ်။ 

ဘူးသီးတောင်မြို့နယ်တွင် ယာဉ်များ ယခင်နှစ်ထက် များပြားလာမှုကြောင့် ကျောင်းသား/ ကျောင်းသူများအား ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး ရည်ရွယ်ကြောင်း ဘူးသီးတောင်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့တပ်မှ သိရှိရပါတယ်။ များပြားလာတဲ့ ပြည်တွင်းမော်တော်ယာဉ်တွေနဲ့အတူ မကြာခဏဖြစ်ပွားလျှက်ရှိတဲ့ ယာဉ်တိုက်မှုတွေ လျော့ကျနိုင်ရန်အတွက် ပိုမိုလုပ်ဆောင်ဖို့ရှိနေကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။