ပရိသတ်တွေလေဲ ဒီမေးခွန်းရဲ့အဖြေကို သိချင်ကြမှာပါပဲ။ အဲ့မတိုင်ခင်မှာတော့ အဲ့မေးခွန်းမေးတဲ့သူတွေကို ပြန်မေးမယ်မေးခွန်းက " ရေချိုငါးလားဆိုတာ...ရေငန်ငါးလား " ဆိုတာပါပဲ။ အဲ့အခါမှာ " I don't know " ဆိုပြီးပြန်ပြောကြမှာပါပဲ....အဲ့လိုမျိုး သူများကို အခတ်ဖြစ်အောင်မေးပြီး ကိုယ်အလှည့်ကျဘယ်လိုခံရလဲ ဆိုတာသိတက်လောက်မှာပါ။ ဒါပေမဲ့လဲ ပညာရှင်တွေက အဲ့မေးခွန်းကို ကျကျနန ဂဂနန ပြန်ဖြေပေးထားကြပါတယ်။ သာမန်လူတွေအနေနဲ့လဲ စဉ်းစားနိုင်ကြမှာ မဟုတ်လောက်ပါဘူး။ 

အဖြေတစ်ခုလုံးကတော့ ငါးရဲ့အမျိုးအစားအပေါ်မူတည်ပါတယ်...ဘာကြောင့်လဲဆိုတဲ့မေးခွန်းကို ပြန်မေးမိနိုင်ကောင်းနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ Osmosis ဆိုတဲ့အရာကြောင့်ပဲဖြစ်ပါတယ်....မြန်မာလိုဆို စိမ့်ဝင်ပျံ့နှံ့ခြင်း ဖြစ်ပါတယ်။ အဲ့အကြောင်းအရာကို Bio ကျောင်းသားတွေ တော်တော်များများ သင်ကြားခဲ့ဖူးကြမှာပါ။ မေ့လဲမေနေလောက်ကြမှာ ဖြစ်ပါတယ်။ အဲ့အကြောင်းအရာကြောင့် ငါးတွေ ရေသောက်လားဆိုတဲ့မေးခွန်းအဖြေက မူတည်သွားတာဖြစ်ပါတယ်။ 

ရေချိုငါးတွေထဲမှာဆိုရင် ဆားပါဝင်မှုဟာ ရိုးရိုးရေထက်ပိုများပါတယ်....အဲ့တော့ သူတို့ရဲ့ခန္ဓာကိုယ်က ရေတွေကို စုပ်ယူကြပါတယ်။ သူတို့က ရေစုပ်တာပဲရှိတာမို့ ရေသောက်တယ်လို့ ပြောလို့မရပါဘူး။ သူတို့ရဲ့ပါးစပ်က ပြည့်နေတဲ့ အရာကိုပြန်ထုတ်မှ ရေတွေကဝင်တာဖြစ်ပါတယ်။ ရေငန်ငါးတွေကတော့ ရေချိုငါးတွေနဲ့ပြောင်းပြန်ပါ...အာ့ကြောင့်သူတို့မှာ ဆားပါဝင်မှုနည်းပါတယ်။ အာ့ကြောင့်ရေငန်ငါးတွေက လူသားတွေ ရေဓာတ်ကိုပြန်ဖြည့်သလို သူတို့လဲရေတွေကို မျိုကြပါတယ်။ လူသားတွေနဲ့မတူရတဲ့အကြောင်းတစ်ခုကတော့ သူတို့က ရေထဲကဆားတွေကို စစ်ထုတ်နိုင်ပါတယ်။ 

Source : Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။