လူတိုင်းချစ်မိသွားတဲ့အခါမှာ အသည်းကွဲခဲ့ဖူးတဲ့ အခိုက်တွေရှိကြမှာပါ။ လူတော်တော်များများဟာလဲ အသည်းကွဲဖူးတက်ကြမှာပါ။ အဲ့လိုအသည်းကွဲရင် ဒီပရက်ရှင်တွေဝင် ကိုယ့်အသားကိုယ်နာအောင်ြ့ပုလုပ်တာတွေက ဆိုးရွာလှပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုကို ဂရုစိုက်ပါ...လေ့ကျင့်ခန်းတွေ အားကစားတွေပြုလုပ်ပါ။ စိတ်ကိုလန်းဆန်အောင်ပြုလုပ်ပါ။ ရယ်စရာတွေကို ရှာဖွေပြီး ရယ်ပါ...မလုပ်ခဲ့ဖူးတဲ့အရာတွေ ပြုလုပ်ပါ။ EX ကဒါတွေလုပ်တာမကြိုက်ဘူးဆို သင့်အနေနဲ့လုပ်ကြည့်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကို့ယ်ကိုကို အရင်ကပုံစံနဲ့ ခုပုံစံပြောင်းလဲလိုက်ပါ။ 

ဒုတိယအနေနဲ့ အဆက်အသွယ်တွေလုပ်ပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။ အဆက်အသွယ်ဆိုတာ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ အချိန်တွေကို ဖြတ်သန်းပါ။ သူငယ်ချင်းတွေနဲ့အတူခရီးတွေသွား လျှောက်ပတ်သွား ပျော်စရာမှန်သမျှပြုလုပ်ပြီး အချိန်တွေကို ဖြတ်သန်းပါ။ အိမ်မွေးတိရစ္ဆာန်ကို မွေးပြီး ပြုစုစောင့်ရှောက်ပါ။ လုပ်အားပေးအလုပ်တွေ ပရဟိတလေးတွေလုပ်ပါ။ အဆင့်သင့်ဖြစ်ပြီးလို့ခံစားရရင် နောက်ထပ်တစ်ယောက်နဲ့ ထပ်ချိန်းတွေ့ကြည့်ပါ။  

တတိယအနေနဲ့တော့ EX နဲ့ပတ်သတ်တဲ့ အကြောင်းအရာ ကိစ္စတွေ စသဖြင့် အကုန်ဝေးကွာစွာနေပါ။ EX နဲ့ပတ်သတ်တဲ့ အဆက်အသွယ်တွေ အကုန်ဖြတ်ပါ။ EX နဲ့ပတ်သတ်တဲ့ Social Media ကဟာတွေ အကုန်ဖြတ်ပါ...သူငယ်ချင်းအနေနဲ့လဲမထားပါနဲ့...ဖြုတ်ပစ်ပါ။ Ex သွားလာတက်တဲ့ နေရာတွေကို ရှောင်ပါ...လုံးဝကိုရှောင်ပါ။ ဝမ်နည်းဖို့အတွက်အချိန်ကို ပေးပါ....နောက်ဆုံးမှာတော့ Ex နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေအကုန်လုံးကို ဖျက်ပစ်လိုက်ပြီး ဘဝကို အကောင်းဆုံး ဖြတ်သန်းလိုက်ပါ။

Source : Wikihow

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။