မော်ဒယ်သရုပ်ဆောင်ရွှေအိမ်စည်တစ်ယောက် Sruti Dalmia ရဲ့ oriental themed runway မှာ အပိတ်အနေနဲ့ လျှောက်လှမ်းပေးခဲ့တာပဲဖြစ်ပါတယ်။ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံလေးက သူမရဲ့ ခန္ဓာကိုယ်နဲ့လိုက်ဖက်ညီစွာ နေရာယူခဲ့ပြီး ပွဲရဲ့အဆုံး သတ်ကို အကြီးမားဆုံးအလှတရားတွေနဲ့ ပိတ်သိမ်းလိုက်တာမို့ အားလုံးကလည်း အံ့သြ မှင်သက်ပြီး သူမကိုငေးကြည့်နေခဲ့တာပဲဖြစ်ပါတယ်။

အသက်ငယ်ရွယ်ပေမယ့် အရည်အချင်းအပြည့်အဝရှိပြီး ထက်မြက်တဲ့ အမျိုးသမီးလေး တစ်ဦးဖြစ်ပါ တယ်။ အနုပညာလှုပ်ရှားမှုတွေလည်းရှိနေပြီး သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေအများအပြား ပါပဲ။ စကားပြောပွင့်လင်းပြီး သွက်သွက်လက်လက်အမူအယာ လေးကြောင့် အားလုံးကချစ်ခင်နေကြ သူလေးတစ်ယောက်ပါ။

သူမရဲ့စင်မြင့်ထက်က အလှပဆုံးခြေလှမ်းတွေကို " Sruti Dalmia ရဲ့ oriental themed runway လေးကို ပိတ်ပေးခဲ့ပါတယ် it is an honor. As she always says quality over quantity. You don’t need a huge number of people in order to succeed. You just need to hit the right target with the right work ethic " ဆိုပြီး တင်လိုက်တာပဲဖြစ်ပါ တယ်။

Photo to rightful owner

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။