ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တွေပေါင်းစုကာ ဖွဲ့စည်းထားတဲ့ အငြိမ့်အဖွဲ့လေးကတော့ နှင်းဆီအဖွဲ့လေးပဲ ဖြစ်ပါတယ်။ ထိုအဖွဲ့လေးမှာ နိုင်ငံကျော်မင်းသားများစွာပါဝင်ကြပြီး သူတို့အဖွဲ့ရဲ့ပြက်လုံးတွေဟာလည်း ပရိသတ်တွေ မရီဘဲမနေနိုင်အောင်ကို ပြောင်မြောက်လွန်းတာပါ။ သူတို့အဖွဲ့လေးဟာ အနုပညာလောကမှာ နေရာအသီးသီးတွင် အောင်မြင်နေကျတဲ့သူတွေပဲ ဖြစ်ပြီး လူရွှင်တော်အလုပ်ကို ဝါသနာအရဖွဲ့စည်းထားတဲ့ အငြိမ့်အဖွဲ့လေးပါ။

နှင်းဆီအဖွဲ့ကတဲ့ ပွဲမှန်သမျှတိုင်းဟာလည်း အမြဲရုံပြည့်ရုံလျှံဖြစ်လောက်အောင်ကို ပရိသတ်တွေအားပေးကြတာပါ။ သူတို့အဖွဲ့လေးဟာ ပရဟိတပွဲတွေကိုလည်း စိတ်ထားထက်သန်စွာပါဝင်ကူညီတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ပွဲမှရရှိတဲ့ ငွေသားများကိုလည်း လိုအပ်တဲ့နေရာများစွာကိုလှူဒါန်းကြတဲ့ မွန်မြတ်လှတဲ့ အဖွဲ့လေးပါ။ 

ဒီနေ့လေးကတော့ မြန်မာနိုုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့အဖိုးတန်ရတနာဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄) နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့ လူထုခေါင်းဆောင်အမေစုရဲ့မွေးနေ့ရက်မြတ်လေးကို နှင်းဆီအဖွဲ့သားများကလည်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါသေးတယ်။ " အမေ

သက်ရှည်ကျန်းမာပါစေရန်နှင့်

တရားထူး တရားမြတ်များ ရရှိပါစေကြောင်း

နှင်းဆီအဖွဲ့ မိသားစုများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ " ဆိုပြီး သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Photo - နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။