ပရိသတ်တွေအရမ်းချစ်ရတဲ့ မခိုင်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေးခိုင်သင်းကြည်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်နေတဲ့ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ်လျှောက်လှမ်းနေတာဖြစ်ပါတယ်နော်။မခိုင်လေးက သဘောမနောကောင်းပြီးရိုးသားဖြူစင်ပွင့်လင်းတဲ့သူဖြစ်လို့ လူချစ်လူခင်ပေါများကာ သွားလေရာနေရာတိုင်းမှာ ပရိသတ်တွေကလည်းဝိုင်းဝိုင်းလည်နေအောင်အားပေးချစ်ခင်ကြတာဖြစ်ပါတယ်။

မခိုင်လေးရဲ့သမီးချောလေး စံထိပ်ထားဦးလေးကလည်း ချစ်စမွှေးပါပြီးအမေတူသမီးလေးဖြစ်လို့ အနုပညာအလုပ်ကိုလည်း ဝါသနာပါတဲ့သူတစ်ယောက်ပါနော်။ထိပ်ထိပ်လေးက ဆယ်ကျော်သက်အရွယ်လှသွေးကြွယ်နေတဲ့အရွယ်လည်းဖြစ်လို့ တစ်နေ့တစ်ခြားပိုပိုလှလာပြီး အရင်ကထက်လည်းပိုပြီးပြင်တတ်ဆင်တတ်လာတာကိုတွေ့ရပါတယ်နော်။

မခိုင်လေးတို့မိသားစုသုံးယောက်က သာယာပျော်ရွှင်အေးချမ်းပြီး အားလပ်ရက်တွေမှာ ခရီးတွေထွက်ကာ မိသားစုသုံးယောက်ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း မခိုင်လေးတို့သားအမိနှစ်ယောက်က ပျော်ပျော်ရွှင်ရွှင်နဲ့ ညစာထွက်စားကြပါတယ်နော်။သားအမိနှစ်ယောက်ကတော့ ညီအစ်မတွေလို ပျော်ရွှင်စွာအချိန်တွေကုန်ဆုံးနေကြတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Khine Thin Kyi/San Htate Htar Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။