ယနေ့လေးကတော့ မြန်မာနိုင်ငံရဲ့အတိုင်ပင်ခံဖြစ်တဲ့ အမေစုရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ဇဏ်ခီကတော့ အမေစုကို မွေးနေ့ဆုတောင်းပေးထားပါတယ်။ ဇဏ်ခီကတော့ ၁၉၈၈-၈၉ဗမာပြည်ရဲ့ကံကြမ္မာ ချောက်ကမ်းပါးနားရောက်နေချိန်.. လူတိုင်းရဲ့စိတ်ထဲမှာ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေအမြင့်ဆုံးရောက်နေချိန်..အမေ့အသံ တိမ်မဝင်သွားပဲ ပိုကျယ်လာခဲ့တယ်။ အမေ့ရဲ့ ရဲရဲတောက်မိန့်ခွန်းတွေကို video မှတ်တမ်းတင်ထားတဲ့အခွေတွေ လူတွေကြားထဲ တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်းပြီး တိတ်တိတ်ကလေးခိုးကြည့်ခဲ့ကြရတဲ့အချိန်မှာ ကျနော်တို့မိသားစုလဲ အများထဲကတစ်စုပေါ့။ မိသွားရင် တစ်မိသားစုလုံး ထောင်ထဲဝင်ရမယ့်အချိန်တွေ။

အဖေက သူ့သူငယ်ချင်းဆီကအမေ့ရဲ့ မိန့်ခွန်းခွေသစ်တွေရလာပြီဆိုရင် တစ်အိမ်လုံးပြူတင်းပေါက်တွေပိတ် ပါတ်ဝန်းကျင်အနေအထားကိုထွက်ကြည့်။ စိတ်ချရလောက်ပြီဆိုရင် မိသားစုတွေ TV အရှေ့မှာစုထိုင်ကြပြီး အသံတိုးတိုးနဲ့အခွေကိုဖွင့်ကြည့်ကြရတယ်။ အမေ့အသံကြားတာနဲ့ ရှိတဲ့ကြောက်စိတ်ကတစ်ဝက်လောက်ပျောက်သွားခဲ့တယ်။ အမှန်တရားတွေကို ချက်ကျ လက်ကျ ပြောပြတိုင်း ကြက်သီးတွေထ ရင်ထဲမှာစို့တက်လာပြီး ဝမ်းသာဝမ်းနည်းစိတ်တွေနဲ့ ပြည့်လျှံနေခဲ့တယ်။ ထုံးစံအတိုင်း အမေ့ရဲ့ဟာသလေးတွေနဲ့ အရွှန်းဖေါက်တဲ့နေရာလေးတွေဆိုရင် အားလုံးကိုတစ်ဟားဟားနဲ့ ရယ်အောင်လုပ်ပေးနိုင်ခဲ့တယ်။ အမှန်တရားတွေကို အားလုံးရဲ့ရင်ထဲကိုရောက်အောင် သွင်းပေးနိုင်ခဲ့တယ်။ Powerless တွေကို Power ပေးခဲ့တယ်။ 

" ဒီနေ့ဒီချိန်ထိလည်း လုပ်ငန်းစဉ်တွေကို အရှိန်တင်ပြီးလုပ်နေဆဲ။ ကျနော်တို့လို တက်လူတွေတောင် လက်ဖျားခါရလောက်အောင် သွက်လက်တဲ့ခြေလှမ်းတွေနဲ့ နားရက်မရှိကြိုးစားနေဆဲ။ အမေ ခွန်အားတွေဘယ်ကရနေသလဲ။ ကျနော်တို့ အမေ့ကို "ချစ်ပါတယ် ချစ်ပါတယ်" လို့ပြောနေတာတွေဟာ အမေ ကျနော်တို့အပေါ်မှာထားတဲ့ မေတ္တာရဲ့အပုံတစ်သိန်းပုံ တစ်ပုံရှိမယ်မထင်ပါဘူး။မေတ္တာကြီးမားလှတဲ့အမေ ဒီမွေးနေ့မှစ အသက်ရာကျော်ရှည်ပါစေ။ အခက်အခဲတွေအားလုံးကို မေတ္တာနဲ့ကျော်လွှားနိုင်ပါစေ။အမေမြင်ချင်တဲ့ စည်းလုံးညီညွတ်ပြီး အဘက်ဘက်ကဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကြီးကို အမြန်ဆုံးမြင်တွေ့နိုင်ရပါစေ။HAPPY 74th BIRTHDAY AMAY SU!!! " ဆိုပြီး ရေးသားထားခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။