AFF Futsal Club Championship 2019 ပြိုင်ပွဲအတွက် MIU Futsal Club ရဲ့ ပထမဦးဆုံး အုပ်စုပွဲစဉ်ဖြစ်တဲ့ မလေးရှားကလပ် Melaka United Soccer Association နှင့် ပွဲစဉ်ကို တော့မနေ့ကယှဉ်ပြိုင်ကစားခဲ့ပါတယ်။မြန်မာအသင်းဟာပွဲဦးထွက်ပွဲစဉ်မှာတော့အကောင်းဆုံးခြေစွမ်းတွေနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး(၇-၂)နဲ့အနိုင်ရသွားခဲ့ပါတယ်။

မြန်မာအသင်းအတွက်ဂိုးတွေကိုတော့ ပြည့်ဖြိုးမောင် (ခေါ်) အိုဝင်၊ ကျော်ကျော်ထွန်း၊ ပြည့်ဖြိုးမောင် (ခေါ်) ဘယ်လေး၊လှိုင်မင်းထွန်း တို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲကိုတော့ထိုင်းနိုင်ငံကိုရတ်မြို့ Terminal21 Korat Shopping Mall မှာယှဉ်ပြိုင်ကစားနေကြတာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒုတိယပွဲစဉ်အဖြစ်ဇွန်လ (၂၀) ရက် (ကြာသပတေးနေ့) ညနေ ၃:၃၀ မြန်မာစံတော်ချိန်တွင် ကမ္ဘောဒီးယား ကလပ် Down Town Sport အသင်းဖြင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။ပရိသတ်တွေလည်းနိုင်ငံအတွက်အကောင်းဆုံးခြေစွမ်းတွေနဲ့အနိုင်ယူပေးနေတဲ့မြန်မာဖူဆယ်အသင်းရဲ့လက်ကျန်ပွဲတွေကိုလည်းအားပေးကြပါဦးနော်။

SOURCE:MIU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။