ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့စမိုင်းလ်ကတော့ ချစ်ရတဲ့မိသားစုလေးနဲ့အတူ ပျော်ရွှင်အေးချမ်းစွာနေထိုင်နေပြီး အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပါတယ်နော်။စမိုင်းလ်ကတော့ အခုဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာ ပါဝင်သရုပ်ဆောင်နေပြီး ချစ်ခင်ပွန်းနဲ့အတူတူ Shooting အတွက်ခရီးတွေထွက်နေတာဖြစ်ပါတယ်။

စမိုင်းလ်ကတော့ International ဆန်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားသလို စိတ်ထားဖြူစင်ပြီးမာန်မာနကင်းမဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။စမိုင်းလ်ရဲ့ချစ်စရာသမီးလေးနှစ်ယောက်ကလည်း အမေနဲ့တူလို့ ချောကြလှကြတဲ့အပြင် သမီးကြီးလေးက မေမေ့လိုပဲ အနုပညာဝါသနာပါတာကြောင့် Professional မော်ဒယ်တစ်ယောက်ဖြစ်လာအောင် အခုအရွယ်ကတည်းတတ်နိုင်သလောက်ကြိုးစားနေတာဖြစ်ပါတယ်။

အခုဆိုရင် စမိုင်းလ်ကတော့ ၃၅နှစ်အရွယ်ကိုရောက်ရှိပြီဖြစ်ပြီး ငယ်ရွယ်နုပျိုတဲ့အလှတရားတွေက ကလေးအမေလို့တောင်ထင်ရက်စရာမရှိပါဘူးနော်။စမိုင်းလ်ရဲ့မွေးနေ့အလှူအတွက် ရွှေတိဂုံဘုရားမှာ သိန်း၂၆၀ကျော်ကိုလှူဒါန်းခဲ့ပြီး ကုသိုလ်ယူခဲ့ပါတယ်။အခုဆိုရင်တော့ စမိုင်းလ်က မိသားစုနဲ့အတူ လေယာဉ်ပျံကြီးစီးပြီး မွေးနေ့လက်ဆောင်ကိုသွားယူကြတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။