သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ကိုတော့ ပရိသတ်တွေအားလုံးက ပန်းနုသွေးဆိုတဲ့ နာမည်လေးနဲ့ စသိခဲ့ကြတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က " ပန်းနုသွေး" ဇာတ်လမ်းတွဲလေးကစလို့ "ပုဂံမြို့သူ ၊ အရိပ်" စတဲ့ ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးဝန်းရံမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မေမြင့်မိုရ်က " Star Awards " ဆုပေးပွဲကြီးမှာ ဆုချီးမြှင့်ခြင်းခံခဲ့ရတဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

မနေ့ကလည်း မေမြင့်မိုရ်တို့ အနုပညာရှင်တစ်စုက " ပွိုင့် " နေကြာအတွက် ကြော်ငြာတစ်ခု ရိုက်ကူးခဲ့ရတာ တွေ့ရပါတယ်။ မေမြင့်မိုရ်နဲ့အတူ မင်းသားချောလေး ဒေါင်း၊ မင်းသမီးချောလေး ရွှေသမီးနဲ့ မော်ဒယ်မလေး ပိုးမမှီသာတို့က ပျော်ပျော်ပါးပါး ရိုက်ကူးရေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က " နေကြာမှာဆို ပွိုင့်ပွိုင့်ပွိုင့် ကြော်ငြာ Shooting မရိုက်ခင်ကစားနေသည် " ဆိုပြီး ပုံလေးတွေနဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

မေမြင့်မိုရ်နဲ့ ရွှေသမီးတို့သူငယ်ချင်းနှစ်ယောက်က ရူတင်မစခင်အချိန်လေးမှာ အတူတူတွဲကပြီး ကလေးတွေလိုဆော့နေကြတာ ဖြစ်ပါတယ်။ နေကြာပန်းဝတ်စုံလေးတွေနဲ့ အရမ်းလှနေတဲ့ သူမတို့နှစ်ယောက်ရဲ့ ချစ်စရာအကဗီဒီယိုလေးကလည်း တကယ့်ကို အသည်းယားစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပွိုင့်နေကြာရဲ့ ကြော်ငြာရိုက်ကွင်းမှာ ပျော်ရွှင်နေတဲ့ မေမြင့်မိုရ်တို့ အနုပညာရှင်တစ်စုရဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:May Myint Mo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။