ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်လေးကတော့ မြန်မာနိုင်ငံရဲ့နာမည်ကျော် Beauty Blogger တစ်ဦးဖြစ်သလို သရုပ်ဆောင်မင်းသမီးချောလေးလည်း ဖြစ်တဲ့ နေလြည်ဦးပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ အပြုံးချိုချိုလေးတွေအပြင် ဖြူစင်ပွင့်လင်းတဲ့ စကားပြောပုံရိပ်လေးတွေကြောင့် ပရိသတ်တွေက အမြဲအားပေးချစ်ခင်နေရသူလေးလည်း ဖြစ်ပါတယ်နော်..။


ချီချီလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အသည်းကျော်လေးကတော့ မိန်းကလေးပရိသတ်တွေ ယောင်္ကျားလေးပရိသတ်မရွေး အားလုံးက ချစ်ခင်အားပေးနေကြပြီး အနုပညာအလုပ်တွေအပြင် သူမရဲ့ နောက်ထပ် ဝါသနာလေးတစ်ခုကိုလည်း ပရိသတ်တွေကို ထုတ်ဖော်ပြသလိုက်ပါတယ်နော်..။

အားကစားကို ဝါသနာပါတဲ့ ချီချီလေးကတော့ လက်ဝှေ့ထိုး အားကစားကိုလည်း သဘောကျပြီး အားလပ်ချိန်လေးတွေမှာ အမြဲလိုလို လေ့ကျင့်သင်ကြားနေတာလည်း ပရိသတ်တွေအတော်များများ မြင်တွေ့ရမှာပါနော်..။


အခုတစ်ခါမှာလည်း ချီချီလေးတစ်ယောက် မနက်ပိုင်း အားလပ်ချိန်လေးမှာ ဆရာနဲ့အတူ လက်ဝှေ့ထိုးလေ့ကျင့်နြေ့ပီး ပြင်းပြင်းထန်ထန်အားပါးတရလေ့ကျင့်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ တော်ရုံယောင်္ကျားလေးရင့်မာကြီးတွေကိုတောင် အံ့သြစေမှာပါနော်..။

ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဟာ အခုလိုအကြမ်းအရမ်းတွေကို ဝါသနာပါပြီး လေ့ကျင့်နေတဲ့ ချီချီလေးရဲ့ လက်ဝှေ့ထိုးလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နေခြည်ဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။