ပြီးခဲ့တဲ့ဇွန်လ ၁၈ ရက်နေ့မှာတော့ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ် အယ်လ် မွာလမ်ဟာ အရေးပါတဲ့ ပြောကြားမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

သူပြောကြားခဲ့တာကတော့ ဆီးရီးယားနိုင်ငံအနေနဲ့ တူရကီနဲ့ စစ်ဖြစ်ဖို့ ဆန္ဒလုံးဝမရှိဘူးလို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ဆီးရီးယားနိုင်ငံဟာ တူရကီကကျောထောက်နောက်ခံပေးထားတဲ့ သူပုန်အဖွဲ့တွေနဲ့ ပြည်တွင်းစစ်ဆင်နွှဲနေရတာပဲဖြစ်ပါတယ်။

ဒါ့အပြင် သိန်းနဲ့ချီတဲ့ ပြည်သူတွေကလည်း စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသလို နိုင်ငံအတွင်းမှာလည်း စစ်ဘေးဒဏ်ကိုအပြင်းအထန်ခံစားနေရတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဆီးရီးယားနိုင်ငံအနေနဲ့ သူပုန်တွေကို ကျောထောက်နောက်ခံပေးထားတဲ့ တူရကီရဲ့ စစ်ဖြစ်ဖို့ ဆန္ဒမရှိနေတာပဲဖြစ်ပါတယ်။

အကယ်၍တူရကီနဲ့ပါ စစ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆီးရီးယားနိုင်ငံဟာ အရင်ကထက်ပိုမိုပြင်းထန်တဲ့ စစ်ဘေးဒဏ်တွေကိုခံစားလာရမှာ အသေအချာပါပဲ။

Source- The National

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။