ပရိသတ်ကြီးရေ သန္တာလှိုင်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးမှာ စိတ်ချမ်းသာစွာနေထိုင်နေတာကြောင့် အသက်၄၀ကျော်အရွယ်လို့မထင်ရလောက်အောင် စိတ်ပျိုကိုယ်နုနေတာပဲဖြစ်ပါတယ်။သန္တာလှိုင်က ကြော်ငြာတွေကိုလက်ခံရိုက်ကူးနေတာကြောင့် ပရိသတ်တွေနဲ့အလှမ်းမဝေးတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အခုဆိုရင်တော့ သန္တာလှိုင်က သမီးကြီးလေးရဲ့ ၁၆နှစ်ပြည့်မွေးနေ့မှာ သမီးလေးအတွက် Suprise လုပ်ခဲ့တဲ့အကြောင်းတွေကို အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်နော်။

"အခုတော့ ဒီနေ့ ကျွန်မရဲ့ သမီးလေး Zakera ၁၆ နှစ်ပြည့်ပြီ... သူ့မွေးနေ့မှာ အမေကလူကိုယ်တိုင် မရှိပေးနိုင်ပေမယ့် ကိုယ့်သမီးလေး ဘာကိုရရင် ဘယ်လိုခံစားချက်နဲ့ ဘယ်လိုပျော်နေမယ်ဆိုတာ သိတဲ့ အမေတစ်ယောက်အနေနဲ့ Sydney က The Ponds High School မှာ ကျောင်းတက်နေတုန်း ဒီနေ့ စာသင်ခန်းထဲ အမေပို့ပေးလိုက်တဲ့ ပန်းစည်း အကြီးကြီးရယ် Taddy Bear အရုပ်လေးရယ်... Belgium truffle တစ်ဘူးရယ်နဲ့ Surprise အလုပ်ခံလိုက်ရပြီဆိုတော့ သူငယ်ချင်းတွေ အားလုံးရဲ့ အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ သွားရည်ကျပြီး ကံကောင်းလိုက်တာဆိုတဲ့ အားကျခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ ၁၆ နှစ် Birthday Girl လေး က ပျော်လွန်းလို့ မျက်ရည်တောင် ကျရှာတယ်တဲ့...

သူနဲ့ မွေးနေ့တူတဲ့ သူငယ်ချင်းကလဲ သူငယ်ငယ်က ဆုံးပါသွားတဲ့ အမေမရှိတော့လို့ ပေးမယ့်သူလဲ မရှိတော့ ကိုင်စရာ လက်ဆောင်တွေလဲ မရှိလို့တဲ့ သူ့ရဲ့ပန်းစည်းကြီးကို ကိုင်ပေးထားတယ်တဲ့ အမေကို ဓါတ်ပုံလေးတွေ ပို့ပေးရှာတယ်... ကျွန်မလဲ အမေမရှိတော့တဲ့ ကလေးနေရာမှာ ကိုယ်ချင်းစာပြီး Video လေးနဲ့ Jozey ရဲ့ အမေအဖြစ် ဒီနေ့တစ်ရက်လောက်တော့ အငှားအမေလုပ်ပေးပါတယ်လို့ သူတို့ကျောင်းပြီးရင် သွာဒမယ့် shopping center ရောက်ရင် Zakera က ဦးဆောင်ပြီး Jozey အတွက်လဲ ပန်းစည်းတစ်စည်းဝယ်ပေးဖို့ မှာလိုက်တာ ၂ ယောက်စလုံး ပျော်လွန်းလို့ ငိုနေကြတယ်တဲ့"ဆိုပြီးကြည်နူးစရာလေးကိုမျှဝေခဲ့ပါတယ်နော်။

Source:Thandar Hlaing သန္တာလှိူင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။