ပြီးခဲ့တဲ့ဇွန်လ ၁၇ ရက်နေ့မှာတော့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂယ်လ်ဘီကာရိုဟာ ဖမ်းဆီးခံထားရာကနေ ပြန်လွတ်လာခဲ့တယ်လို့ သိရပါတယ်။

သူ့ကိုဖမ်းဆီးခဲ့တာကတော့ ဗင်နီဇွဲလား သမ္မတ မာဒူရိုဦးဆောင်တဲ့ အစိုးရအဖွဲ့က ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

လွှတ်တော်အမတ်တစ်ယောက်လည်းဖြစ်တဲ့ သူအဖမ်းခံရချိန်မှာတော့ လွှတ်တော်အမတ်ဆိုင်ရာ လွတ်ငြိမ်းခွင့်ကို ချိုးဖောက်ရာရောက်တယ်လို့ တချို့သောသူတွေက ပြောကြားခဲ့တာကိုတွေ့ရပါတယ်။

ယခုသူ့ကိုပြန်လွှတ်ပေးခဲ့တာကဆိုရင်လည်း မာဒူရိုဦးဆောင်တဲ့ အစိုးရအဖွဲ့အစည်းကပဲဖြစ်ပါတယ်။

ဒါ့ကြောင့်လက်ရှိအချိန်မှာဆိုရင် အတိုက်အခံခေါင်းဆောင် ဂယ်လ်ဘီကာရိုဟာ မိသားစုထံကိုပြန်လည်ရောက်ရှိနေပါတယ်။

ဒါ့အပြင်နောက်ထပ်သတင်းတခုအနေနဲ့ဆိုရင်တော့ ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ နောက်လာမယ့်ရက်ပိုင်းအတွင်း အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟွယ်ဂယ်ဒိုနဲ့လည်း တွေ့ဆုံသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

Source- Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။