အင်္ဂါနေ့တုန်းက Selena Gomez ဟာ သူမနဲ့အတူ ပူပေါင်းဆောင်ရွက်နေတဲ့ PUMA Company အတွက် ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်မလေးရဲ့ ပုံထဲက ဇာတ်ကောင်ကတော့ Trainer တစ်ယောက်ဖြစ်ပါတယ်။ ရေကူးဖို့သင်တန်းတက်မယ်ဆိုရင်တော့ သူဆိမှာ သွားတက်ရင် ကောင်းမယ်နော်။ PUMA ထုတ်ကုန်ဖြစ်တဲ့ ရေကူးဝတ်စုံကို ကြော်ငြာရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ 

၂၀၁၇ခုနှစ်တုန်းက သူမဟာ PUMA Company ရဲ့ တရားဝင် ကိုယ်စားလှယ်တစ်ယောက်အဖြစ် စာချုပ်ချုပ်ဆိုထာားတာဖြစ်ပါတယ်။ အဲ့ချိန်ခါတုန်းကလဲ သူမဟာ Coach ဆိုတဲ့ Company ရဲ့ Luxury ဒီဇိုင်နာတစ်ယောက်အဖြစ်လဲ အလုပ်လုပ်နေတာဖြစ်ပါတယ်။ အဲ့အရာတွေတင်မဟုတ်ပဲ သူမဟာ သီချင်းနဲ့ ရုပ်ရှင်တွေနဲ့လဲ အလုပ်များနေသူတစ်ယောက်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ သူမလို မိန်းကလေးတစ်ယောက် ခုလို အလုပ်ကို ကြိုးစားလုပ်ကိုင်တဲ့အတွက် လေးစားကြပါတယ်။ 

ဒီလထဲမှာဆိုရင်လဲ သူဟာ အစီအစဉ်တစ်ခုမှာ Jimmy Fallon ကို သူမအနေနဲ့ ခုချိန်မှာ ၄နှစ်အကြာမှာ ပြန်လည်ထွက်ရှိတဲ့ ပထမဆုံး Album ဟာပြီးဆုံးတော့မည်ဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်။ " တကယ်တော့ ကျွန်မလုပ်လို့ပြီပါပြီး...မထွက်ရှိခင်လေးမှာ အဆုံးသတ်စရာအနည်းငယ်လေးရှိလို့ပြုပြင်နေတာပါ...ကျွန်မအတွက်လဲ ခုဒီ Album က၄နှစ်လောက်အချိန်ယူခဲ့တာမို့ လေးနက်စွာနဲ့ ကျွန်မဘဝဖြစ်စဉ်အနည်းငယ်ကို ထည့်သွင်းလို့ထားပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။  

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။