ရွှေရွှေစုံတွဲလို့ အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဇနီးမောင်နှံကတော့ အိမ်ထောင်သက်တမ်း (၇)လ ကျော်လာခဲ့ကြပြီ ဖြစ်ပါတယ်။ အစပိုင်းမှာ ဝေဖန်တိုက်ခိုက်မှုတွေများစွာကို ကြုံတွေ့ခဲ့ရတဲ့ သူတို့စုံတွဲလေးက အချစ်စစ်တစ်ခုကိုသာ အရင်းပြုပြီး အားလုံးကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေတဲ့ သူတို့နှစ်ယောက်ကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။

ရွှေရွှေတို့စုံတွဲလေးမှာတော့ ဇနီးချောလေး ရွှေမှုန်ရတီက အိမ်ထောင်ရှင်မကောင်းတစ်ယောက်ရဲ့ တာဝန်တွေအားလုံးကို ကျေပွန်စွာ ဆောင်ရွက်နိုင်သူလေး ဖြစ်ပါတယ်။ စားမိသူတိုင်း လျှာလည်သွားလောက်အောင် ဟင်းချက်ကောင်းတဲ့ ရွှေမှုန်လေးကိုတော့ ခင်ပွန်းဖြစ်တဲ့ ရွှေထူးက အချစ်တွေပိုနေရတာ ဖြစ်ပါတယ်။ အခုလည်း ရွှေထူးက အိမ်မှုကိစ္စလုပ်နေတဲ့ ဇနီးချောလေးရွှေမှုန်ကိုကြည့်ပြီး ချစ်မဝဖြစ်နေတာ တွေ့ရပါတယ်။

ရွှေမှုန်လေးက ဘုရားပန်းတွေကို အိုးထဲမှာ သေသေချာချာ စီစီရီရီလေးထည့်ပြီး စိတ်ပါဝင်စားစွာ အိမ်အလုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။ ဒါကို ဘေးကနေ ထိုင်ကြည့်နေတဲ့ ရွှေထူးက " How Lovely " ဆိုပြီး အိမ်နေရင်းဝတ်စုံလေးနဲ့ အိမ်ထောင်ရှင်မပီသစွာ အိမ်မှုကိစ္စလုပ်နေတဲ့ ရွှေမှုန်လေးရဲ့ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။ ရွှေထူးကတော့ ရွှေမှုန်လေးလို အိမ်ထောင်မှုနိုင်နင်းတဲ့ ချစ်ဇနီးလေးရထားတာ တကယ့်ကို ကံကောင်းတာပဲနော်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေရွှေတို့စုံတွဲလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source:Htoo Khant & Shwe Mhone Yati;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။