နာဆာ သိပ္ပံပညာရှင်များဟာ ကမ္ဘာမှ အလင်းနှစ် ၂၀၀၀ ကျော် အကွာအဝေးတွင် ကမ္ဘာမြေ အရွယ်၏ တစ်ဆခွဲခန့် ရှိသော ဂြိုလ်တစ်လုံးသည် နေနှင့် ဖွဲ့စည်းပုံတူသော ကြယ်တစ်လုံးအား လှည့်ပါတ်နေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

အာကာသ သိပ္ပံပညာရှင်တွေဟာ အမျိုးသား လေကြောင်းနှင့်အာကာသ အုပ်ချုပ်ရေးအဖွဲ့(NASA) နာဆာ၏ Kepler ဂြိုလ်တုမှ ပေးပို့ချက်များကို အခြေခံပြီး ကမ္ဘာနှင့် အရွယ်တူ ဖြစ်နိုင်သော ဂြိုလ်တစ်လုံးဟာ နေနှင့် ဆင်တူသည့် ကြယ်အား လှည့်ပါတ်နေတာကို တွေ့ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါဂြိုလ်အား တွေ့ရှိတဲ့ အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် သိပ္ပံပညာရှင်များက ကြိုးပမ်းနေဆဲ့ဖြစ်ကြောင်း၊ ယခုတွေ့ရှိချက်သည် Kepler ဂြိုလ်တု၏ အဓိက ဦးတည်ချက်ဖြစ်သော နေအဖွဲ့အစည်းနှင့် ဆင်တူသော ကြယ် အစုအဝေးအတွင်း ကမ္ဘာနှင့်ဆင်တူသော ဂြိုလ်ကို ရှာဖွေမည့် အစီအစဉ်အတွက် အရေးပါသော အဆင့်ဖြစ်ကြောင်း ခေါင်းဆောင် ပညာရှင်တစ်ဦးဖြစ်သူ ဟာဗတ်တက္ကသိုလ်မှာ ဒေါက်တာ Matthew Holman က ပြောကြားခဲ့ပါတယ်။

နာဆာ သုတေသီများဟာ စကြာဝဠာအတွင်း နေအဖွဲ့အစည်း၏ ဖွဲ့စည်ပုံနှင့် ဆင်တူသော ဂြိုလ်အစုအဝေးနှင့် ကမ္ဘာမြေ၏ တည်ဆောက်ပုံနှင့် ဆင်တူသော ဂြိုလ်များကို ရှာဖွေလျက်ရှိရာ အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် Kepler ဂြိုလ်တုကို ၂၀၀၉ ခုနှစ် မတ်လတွင် လွှတ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source : Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။