ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားကြတဲ့ ဝါရင့်သရုပ်ဆောင်ပြည်သူ့အချစ်တော်တွေထဲမှာ ဆယ်စုနှစ်တွေကတည်းက ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲ ယနေ့အချိန်ထိ နေရာယူထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ခင်လှိုင်ကလည်း တစ်ဦးအပါအဝင်ပါပဲ..။

သရုပ်ဆောင်ပိုင်နိုင်ပီပြင်တဲ့အပြင် ရယ်စရာဟာသပြက်လုံးတွေကို မရိုးနိုင်အောင် ဖန်တီးတတ်တဲ့ ဝါရင့်အနုပညာရှင်ဖြစ်သလို အလှူအတန်းတွေမှာလည်း ရက်ရောတတ်ပြီး “ဇဝန” အသင်းကိုလည်း တည်ထောင်ထားတာလည်း ဝမ်းသာစွာ မြင်တွေ့ရပါတယ်နော်..။


ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ခင်လှိုင်ကတော့အခုတစ်ခါမှာလည်း မိသားစုအလှူလေးအဖြစ် ပြင်ဦးလွင်မြို့ ကံ့ကော်တစ်ထောင်ဘုရားမှာ နေပူခံကျောက်ပြားတွေကို လှူဒါန်းကုသိုလ်ခဲ့တယ်လို့ သိရပါတယ်နော်..။

ပြင်ဦးလွင်မြို့နယ် ပင်းထိပ်ဦးကျေးရွာမှာ တည်ထားကိုးကွယမ်ထားတော်မူတဲ့ ကံ့ကျော်တစ်ထောင်ဘုရားမှာ နေပူခံကျောက်ပြား အချပ်(၁၅၀၀)ကို ခင်းပြီး မိသားစုအလှူလေးအဖြစ် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်..။


မိသားစုလိုက်လှူဒါန်းတဲ့ ကုသိုလ်အလှူလေးမှာလည်း ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ပါဝင်လှူဒါန်းခဲ့ကြပြီး သူတို့ရဲ့ အလှူလေးကိုလည်း ခင်လှိုင်က ချစ်ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

“ပြင်ဦးလွင်မြို့ရဲ့အင်းထိပ်ဦးကျေးရွာမှာတည်ထားတော်မူသောကံကော်တစ်ထောင်ဘုရားမှာ ကျွန်တာ်တို့မိသားစုရဲ့အလှုလေးပါနေပူခံကျောက်ပြား၁၅၀၀ခင်းပြီးလှုပါတယ်

မန္တလေးအညာမြေစားဖွယ်စုံမှညီလေးဇော်မျိုးထက်+အိအိချေားတို့မိသားစုကလမ်းခင်းတဲ့လုပ်အားခကြသမျှကိုလှုပါတယ်

မန္တလေးရွှေပင်ဆင့်အိမ်ခြံမြေမှ

ဦးသိန်းထွန်းအောင်+ဒေါ်မိုးမိုးမိသားစုမှ

ဘိလပ်မြေအိပ် ၇၀ ပါဝင်လှုဒါန်းပါတယ်

ဘုရားဖူးလာကြသူများအေးချမ်းစွာလျှောက်လှမ်းနိုင်ကြပါစေအပူကင်းကြပါစေ..” ဆိုပြီး မိသားစုအလှူလေးမှာ အတူပါရမီဖြည့် ပါဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်လေးတွေကိုလည်း ပြောပြထားပြီး ကောင်းမှုကုသိုလ်လေးကို သာဓုခေါ်ကုသိုလ်ယူနိုင်ကြဖို့ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်..။

Photo - ခင်လှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။