တချိန်ကအရမ်းကို နာမည်ကြီးခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အဆိုတော် မိုင်ရဲ့ သမီးလည်းဖြစ်ပြီးတော့ အနုပညာလောကမှာ နေရာတစ်နေရာကို ပိုင်ပိုင်နိုင်နိုင် ရရှိထားတဲ့ အဆိုတော် မင်းသမီးချောလေး ရတနာမိုင်ကို မသိတဲ့သူမရှိပါဘူးနော်။ ခိုင်မာတဲ့အသံချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေရင်ထဲကို စွဲထင်ကျန်ရစ်စေလောက်မယ့် သံစဉ်တွေကိုသီဆိုနိုင်တာကြောင့်လည်း လူငယ်ပရိတ်သတ်တွေတင်သာမက လူကြီးတွေရဲ့ တစ်ခဲနက်အားပေးခြင်းကိုပါ ခံနေရသူလေးပါနော်။

သူမဟာ အနုပညာမျိုးရိုးရှိသူလေးပီပီ ချစ်ရတဲ့မေမေ့ရဲ့ ခြေရာကိုတစ်ထပ်တည်းလိုက်နင်းကာ အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့သူလေးလည်းဖြစ်ပါတယ်နော်။ သူမဟာ သူမချစ်တဲ့အနုပညာအလုပ်ကိုလည်း ရေကုန်ရေခမ်းကြိုးစားသလောက် အလှူအတန်းတွေပရဟိတတွေဆိုရင်လည်း လုံးဝ လက်မနှေးတဲ့ ဘာသာတရားရိုသေကိုင်းရှိုင်းသူလေးတစ်ယောက်ပါပဲနော်။

ဒာကြောင့်သူမဟာ အလှူအတန်းလေးတွေကို မကြာခဏလုပ်လေ့ရှိပြီးတော့ အခုတစ်ခါမှာလည်း မိသားစုနဲ့အတူတူ အလှူလေးတစ်ခုကိုလုပ်ခဲ့ပါသေးတယ်နော်။ သူမတို့ ဆည်းကပ်နေကျဖြစ်တဲ့ အဓိဋ္ဌာန်ဆရာတော် ဘုရားကြီးကို သူမရဲ့ နေအိမ်ကို ပင့်ကာ ဆွမ်းခဲဖွယ်တွေကို ကပ်လှူခဲ့ပြီးတော့ သူမတို့ရဲ့ မိသားစုတွေဖြူဖြူစင်စင်နဲ့ကြိုးကြိုးစားစားရှာထားတဲ့ ဝတ္ထုငွေလေးတွေကိုလည်း တစ်နိုင်တစ်ပိုင် လှူဒါန်းခဲ့ပါသေးတယ်နော်။ ကဲ... မိသားစုနဲ့အတူတူ နောင်ဘဝမှာရေစက်စုံဖို့ တက်ညီလက်ညီအလှူပြုခဲ့စဉ်က ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေ ကြည်နူးသာဓုခေါ်လို့ရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Yadanar My

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။