ချစ်ပရိတ်သတ်ကြီးရေ.... ချစ်စရာကောင်းလွန်းလို့ လတ်တလော ပရိတ်သတ်ကြားမှာအရမ်းရေပန်းစားပြီး တစ်ခဲနက်အားပေးခြင်းကိုခံနေရတဲ့မော်ဒယ် သရုပ်ဆောင် မလေး ဟန်နာယူရီကို ပရိတ်သတ်ကြီးတွေလည်းသိမှာပါနော်။ အားလုံးရဲ့အချစ်တော်လေးလည်းဖြစ်သလို အရုပ်မလေးနဲ့ တူတဲ့သူမရဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ကိုရီးယားမလေးလို အရမ်းကိုလှပတဲ့အသားရေလေးကိုပိုင်ဆိုင်ထားသူလေးဖြစ်တဲ့အတွက် ပရိတ်သတ်တွေအချစ်ပိုနေခဲ့ရတာပါနော်။

လက်ရှိမှာဆိုရင် သူမဟာ အနုပညာနယ်ပယ်လေးထဲမှာလည်း အခြေအတော်လေးကျနေပြီဖြစ်ပြီး နာမည်လေးလည်းရလာကာ စီနီယာအနုပညာသမားတွေရဲ့ နေရာပေးခြင်းကိုလည်းခံနေခဲ့ရပါတယ်နော်။ မိတ်ကပ်ပိုင်းမှာလည်း အရမ်းကိုထူးချွန်တဲ့ မိတ်ကပ်ပညာရှင်လေးတစ်ယောက်လည်းဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြု အားပေးခြင်းကိုခံနေခဲ့ရပါတယ်နော်။

အခုတစ်ခါမှာတော့ သူမဟာ သူမရဲ့ကိုယ်ပိုင် Facebook pageလေးတစ်ခုဖြစ်တဲ့ Ristagramမှာ Sunshine လေးတွေအတွက် Give awayပေးဖို့ Fijifilm Myanmarမှာသွားပြီးတော့ ပုံလေးတွေထုတ်ဖို့သွားရာကနေ ဆိုင်ထဲက Mini Cameraလေးတွေနဲ့ အရုပ်လေးတွေက သူမကို ဆွဲအားပြင်းပြင်းနဲ့ညှို့ယူနေခဲ့ပါတော့တယ်။ဒါကြောင့် ဆိုင်ထဲကနေတော်တော်နဲ့မထွက်နိုင်ပဲ သူမလိုချင်တဲ့ အရုပ်လေးတွေ Camreaလေးတွေနဲ့အတူ ဓာတ်ပုံလေးတွေရိုက်ခဲ့ပါသေးသတဲ့နော်။ ဒါ့အပြင် သူမဟာ သူငယ်ချင်းတွေနဲ့အခုလို အားလပ်ချိန်လေးအပြင်ထွက်လည်တုန်းမှာ Tik Tokလေးလည်း ကစားခဲ့ပါသေးတယ်နော်။ကဲ... ချစ်ဖို့ကောင်းတဲ့သူမရဲ့ Tik Tokလေးနဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။