ပရိသတ်တွေယနေ့ထိတိုင်ချစ်ခင်နေဆဲဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ ကလေးဘဝမှစပြီး ဆယ်ကျော်သက်ဘဝအထိ လူတိုင်းရဲ့အားပေးချစ်ခင်ခြင်းကိုရရှိထားသူလေးပါ။ သူမဟာ အနုပညာအလုပ်တွေကို အားလပ်ချိန်များမှသာလုပ်လေ့ရှိသော်လည်း ပရိသတ်တွေကတော့အမှတ်တရရှိနေဆဲပါ။ ခေးလေးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်သူပါ။ 

အသက်ငယ်ငယ်လေးနဲ့အိမ်ထောင်ကျခဲ့သော်လည်း ပျော်ရွှင်သာယာသောမိသားစုဘဝလေးကိုထူထောင်ထားနိုင်တဲ့ ထက်မြက်တဲ့မိန်းကလေးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့သားလေး Liam လေးဟာလည်း အနုပညာရှင်များကချစ်ခင်ကြတာသာမကပဲ ပရိသတ်များကလည်း ချစ်မဝဖြစ်နေကြတာပါ။

သူမဟာ ပညာရေးအတွက် သားလေးကိုခေတ္တခွဲခွာပြီး ခင်ပွန်းဖြစ်သူနဲ့အတူသြစတေးလျမှာကျောင်းသွားတက်နေတာပဲ ဖြစ်ပါတယ်။ သူမတို့ဇနီးမောင်နှံဟာ ကျောင်းစာမေးပွဲတွေပြီးပြီဖြစ်တာကြောင့် သားလေးရှိတဲ့ မြန်မာနိုင်ငံဆီသို့ပြန်လာနေပြီပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းကလည်း သူမရဲ့Instagram myday မှာ ခင်ပွန်းဖြစ်သူနဲ့အတူ လေဆိပ်သို့သွားရောက်နေတဲ့ဗီဒီယိုလေးတင်ထားတာပဲ ဖြစ်ပြီး ပရိသတ်ကြီးလည်းကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Yunwaddy 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။