ကျွန်မတို့ ပတ်ဝန်းကျင်မှာ လူတိုင်းပေါင်းသင်းဆက်ဆံရေးမကောင်းကြသလို ပေါင်းသင်းဆက်ဆံရေး အထူးကောင်းမွန်လှတဲ့ လူတွေလည်း အများကြီးပါ။ ရုပ်ချောသည်ဖြစ်စေ မချောသည်ဖြစ်စေ တစ်ကိုယ် ရည်သန့်ရှင်းရေးကတော့ အရေးကြီးလှပါတယ်။ လက်သည်း ခြေသည်း တွေအစ ဂရုတစ်စိုက် သန့်ရှင်းပေးတတ်ဖို့လိုပါတယ်။ 

ပထမဦးဆုံးအနေနဲ့ နေ့တိုင်းထိတွေ့ လုပ်ကိုင်နေရတဲ့ ထမင်းဟင်းချက်တဲ့ အလုပ်ဟာ မိန်းကလေးတိုင်း လုပ်ရပါတယ်။ မလုပ်တဲ့ လူက အနည်းပါ။ ထမင်းဟင်းချက်ပြုတ်တဲ့ အခါ လက်တွေ ဝါနေတာတို့ ဂျီးကပ် နေတာတို့ ဆိုရင် ဘယ်လောက်ပဲ ရေချိုးသန့်စင် ရှင်းရှင်းလင်းလင်း ပြောင်းလက်သွားတာမရှိပါဘူး။ ဆပ်ပြာတွေဟာလည်း ဒီအတိုင်းပါပဲ အညစ်အကြေးသန့်စင်ရုံအပြင် ပြောင်းလက်သွားဖို့က မဆိုစလောက် ပါပဲ။ဒီလိုလက်သည်း တွေ ဝါလာရင် ကျွန်မတို့ နဲ့ နီးနီးစပ်စပ်မှာရှိနေတဲ့ သွားတိုက်ဆေး ကို လက်သည်းခွံပေါ်မှာတင်ပြီး ဘက်စ်လေးနဲ့ ခြစ်ပေးပါ ပြီးရင်ရေးဆေးချလိုက်ပါ တစ်ကယ်ကို သန့်ရှင်းတောက် ပြောင်းတဲ့ လက်သည်းခွံလေးတွေကို ရရှိစေမှာဖြစ်ပါတယ်။

ပြီးတော့ ကျွန်မတို့ နေ့စဉ်အသုံးပြုနေတဲ့ ဘေစင်ဟာလည်း သန့်သန့်ရှင်းရှင်းထားရှိကြဖို့ အရေးကြီးလှပါတယ်။ ဘေစင်ညစ်ပတ်နေရင်လည်း ကျန်းမာရေးအတွက် စိတ်မချရပါဘူး ။ ဒါကြောင့် အိမ်မှာပဲ ဘေစင်လေးကို ဘယ်လိုသန့်ှရှင်းအောင်ထားမလဲဆိုတော့ သွားတိုက်ဆေးနဲ့ coke တစ်ဘူးရရင် လုံလောက်ပါပြီး ။ဘူးခွံလွတ် တစ်ခုမှာ coke တစ်ဝက်လောက်ထည့် သွားတိုက်ဆေး တစ်ဝက်လောက်ထည့်ပြီး ရောမွေလိုက်ပါ ။ ပြီးတော့ ညစ်ပတ်နေတဲ့ ဘေစင်၊ အိမ်သာကြွေခွက် ကြွေပြားစတဲ့ လူသုံးကုန်ပစ္စည်းတွေကို သန့်ရှင်းပြောင်းလက် အောင် နေ့တိုင်း လုပ်ဆောင်ပေးလို့ရပါတယ် ပရိသတ်ကြီးရယ်။ ကဲ ဒီနေ့ကတော့ ဒီနည်း နှစ်ခု ပါပဲ နောက်နေ့ တွေမှာလည်း သွားတိုက်ဆေးနဲ့ တွဲဖက်သုံးလို့ရမဲ့ အရာတွေကို ရေးသားသွားမှာဖြစ်ပါတယ်။

Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။