အဝလွန်ခြင်းသည် ရောဂါအမျိုးစုံကိုဖြစ်ပေါ်စေရန် တိုက်တွန်းပေးတာပဲဖြစ်ပါတယ်....။ အထူးသဖြင့် နှလုံးရောဂါ၊ ဆီးချို သွေးချိုရောဂါ ၊ အိပ်နေစဉ် အသက်ရှူခက်ခဲခြင်း၊ အချို့သော ကင်ဆာ အမျိုးအစားများနှင့် အရိုးအဆစ် များရောင်ရမ်းခြင်းတို့ကိုဖြစ်ပေါ် စေပါတယ်...။ အဝလွန်ခြင်းသည် အချို့သော သူတို့မှာ ပင်ကိုယ်အားဖြင့် မျိုးရိုး ကြောင့်၊ ဟော်မုန်းများထုတ်ပေးသော အင်ဒိုခရိုင်းစနစ် ချို့ယွင်းခြင်း၊ ဆေးများသောက်သုံးရခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာနာမကျန်းခြင်း တို့ကြောင့် ဖြစ်ပေါ်စေတာပါ....။

ကယ်လိုရီပါဝင်သော အစားအသောက်များ အလွန်အကျွံစားခြင်း...၊ ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းနှင့် မျိုးရိုးဗီဇအရ ဖြစ်လွယ်မှုတို့ စုပေါင်းထားခြင်းကြောင့် အဖြစ်များတာကိုတွေ့ရှိရပါတယ်...။ အချို့သော အဝလွန် သူများသည် အစားအနည်းငယ်မျှစားသော်လည်း ကိုယ်အလေးချိန်တိုးရခြင်း မှာ နှေးကွေးသောဇီဝဖြစ်စဉ်များ ကန့်သတ်ခံရခြင်း၊ ပျမ်းမျှအားဖြင့် အဝလွန်သောသူများသည် တိုးလာသော ကိုယ်ခန္ဓာအတွက် ထိန်းသိမ်းရန် စွမ်းအင်လိုအပ်ခြင်းကြောင့် ပိန်သောသူများထက်ပိုမို၍စွမ်းအင်သုံးစွဲရ၍ ဖြစ်သည်ဟူသော အမြင်ကို ထောက်ခံမှု ပြုနိုင်သည့် သက်သေသာဓကများလည်း ရှိခဲ့ပါတယ်...။

အဝလွန်ခြင်းအတွက် အဓိကကုသမှုမှာ အစားအသောက်ကိုထိန်းသိမ်းခြင်းနှင့် ကိုယ်လက်လေ့ကျင့်ခန်းတို့ပဲ ဖြစ်ပါတယ်။ "အစားအသောက်ထိန်းသိမ်းမှု" အစီအစဉ်သည် အချိန်တိုအတွင်း ကိုယ်အလေးချိန်ကျစေတာမှန်သော်လည်း ထိုအလေးချိန်ကျဖို့အတွက် ထိန်းသိမ်းရသည်မှာ အတော်လေးကိုခက်ခဲတာပဲဖြစ်ပါတယ်...။ ထို့ကြောင့် စာဖတ်ပရိသတ်ကြီးအနေနဲ့ "လေ့ကျင့်ခန်းပြုလုပ်ခြင်း နှင့် မိမိဘဝနေထိုင်မှုပုံစံတွင် ကယ်လိုရီနည်းသော အစားအသောက်ပုံစံ" တစ်သက်လုံးမှန်ကန်စွာ လုပ်ဆောင်သွားရန် လိုအပ်လှပါတယ်...။ အဝလွန်တာကို ကုသဖို့အတွက် အစာအိမ်အူလမ်းကြောင်းကို ဖြတ်ထုတ်သည့် ခွဲစိတ်ကုသနည်း "bariatric surger" နည်းလမ်းလေးရှိပါသေးတယ်...။ ပရိသတ်ကြီးရေ အဝလွန်တာက အသက်အန္တာရာယ်ပါထိခိုက်စေနိုင်တာမလို့ အစားအသောက် ဆင်ခြေပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို အချိန်ရသလို အတတ်နိုင်ဆုံး ပြုလုပ်သွားပါနော်...။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။