မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ပတ်သက်ပြီး ပြည်တွင်းနေရာအနှံ့အပြားမှာ ပညာပေးပြုလုပ်မှုတွေများစွာရှိနေပါတယ်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ် ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့ နံနက် (၉) နာရီအချိန်က စေတုတ္တရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ပြည်သူ့စကားဝိုင်းတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ညိုညိုဝင်းက ပြည်သူ့စကားဝိုင်း (Public Talk) များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ရရှိလာ သော အကျိုးကျေးဇူးများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်သိန်းဝင်း၊ မြို့နယ်တရားသူကြီး ဦးချမ်းမြေ့နိုင်တို့က မူးယစ်ဆေးဝါးအကြောင်းများပြောကြားခဲ့ပါတယ်။  

ထို့နောက် လူကုန်ကူးမှု အကြောင်းအရာများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးခဲ့ကြပါတယ်။ ဒါအပြင် မြို့နယ်တရားသူကြီး ဦးချမ်းမြေ့နိုင်က မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် လူကုန်ကူးမှုများ၏ ဆိုးကျိုးပြစ်ဒဏ်များအကြောင်းကို ကျောင်းသား/သူများ ဗဟုသုတရရှိ အောင် ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ အဆိုပါ ပြည်သူ့စကားဝိုင်းသို့ အမှတ်(၁) အ.လ.ကကျောင်းမှ ဆရာ၊ ဆရာမများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။