ထိပ်ပြောင်ခြင်းကို အမျိုးသားများတွင် အများဆုံး တွေ့ရလေ့ရှိပြီး ထိပ်ပြောင်ရခြင်း အကြောင်းအရင်းများစွာရှိပါတယ်...။ ထိပ်ပြောင်ခြင်းဆိုသည်မှာ ဆံပင်လုံးဝ မပေါက်ခြင်းကို ဆိုလိုတာမဟုတ်ပါဖူး ဆံပင်ကျွတ်ခြင်း၊ တစ်ချို့ဆံပင်တွေ မပေါက်တော့ခြင်း အဓိကက ထွက်လာသည့် ဆံပင်များက အရမ်းကို ပါးလွန်းနေခြင်း မျိုးလည်းရှိပါတယ်...။ ဦးခေါင်းပေါ်တွင် အထူးသဖြင့် ငယ်ထိပ်၌ ဆံပင်များကျရာမှ လုံးဝမပေါက်တော့ဘဲ ရှင်းပြောင်နေခြင်းမျိုးလည်းရှိပါသေးတယ်...။

အရွယ်ရောက်ပြီး သက်ကြီးပိုင်း၌ ပို၍ဖြစ်လေ့ဖြစ်ထရှိပါတယ်...။ မိန်းမများတွင် အတွေ့ရနည်းပါတယ်..။ မျိုးရိုးလိုက်သည်ဟု ယူဆကြတာမျိုးလည်းရှိပါတယ်...။ မွန်ဂိုမျိုးနွယ်နှင့် နီဂရိုးကပ္ပလီမျိုးနွယ်တို့၌ တွေ့ရခဲ့ပြီး...၊ ကော့ကေးရှင်းမျိုးနွယ်တို့၌ တွေ့ရတတ်သဖြင့် မျိုးနွယ်ခွဲခြားရာ၌ အထောက်အထား ပြုလို့ရတာဖြစ်ပါတယ်...။ ထိပ်ပြောင်ရခြင်းသည် မျိုးရိုးလိုက်ကာ ပြောင်တတ်ပြီး...၊ မျိုးရိုးရှိက ထိပ်ပြောင်နိုင်ချေပိုများတာပဲဖြစ်ပါတယ်...။ ထိပ်ပြောင်ရခြင်း၏ အဓိကတရားခံသည် ကျားဟော်မုန်းပင်လို့ ပင်ဆိုရမှာပါ...။

အမျိုးသားများတွင် သန်သန်မာမာ ယောက်ျားပီသဖို့အတွက် ကျားဟော်မုန်းဓာတ်များ လိုအပ်တာပဲဖြစ်ပါတယ်...။ သို့သော် "Testosterone" ဟုခေါ်သော ကျားဟော်မုန်းက "Dihydrotestosterone" (DHT) အဖြစ်ပြောင်းလဲသွားသည်...။ ဆံပင်များထွက်လာသည့် မွှေးညှင်းအိတ်များပေါ်မှာ DTH ၏ သက်ရောက်မှုကြောင့် မွှေးညှင်းအိတ်များက ကျုံ့သွားရလေသည်...။ ထို့ကြောင့်ထွက်လာသော ဆံပင်များက မသန်ရတော့ခြင်းဖြစ်ပါတယ်...။ ထို့နောက် တဖြည်းဖြည်းပါးလာကာ နောက်ဆုံး ထိပ်ပြောင်ခြင်း ဘဝသို့ ရောက်သွားရပါတော့တယ်...။ ထိပ်ပြောင်ရခြင်းသည် အသက်အရွယ်နှင့်လည်း ဆိုင်ပါသေးတယ်...။ ထိပ်ပြောင်တဲ့ ပုံသဏ္ဌာန်အမျိုးမျိုးကိုလည်းဖော်ပြထားပြီး Myanmarload ပရိသတ်ကြီးအတွက် ကျန်းမာရေးဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးလိုက်ပါတယ်..။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။