မြန်မာနိုင်ငံရဲ့ ရင်းနှီးကျွမ်းဝင်နိုင်ငံတစ်နိုင်ငံဖြစ်သလို ထောက်ပံ့မှုအချို့ကို လက်ခံရရှိနေတဲ့ အမေရိကန်နိုင်ငံကိုတော့ အားလုံးလေးစားမိမယ်ထင်ပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီပြည်တွင်း ဒီမိုကရေစီရေးတွေမှာလည်း အများဆုံးကူညီပေးလျှက်ရှိတာတွေ့ရပါတယ်။  

အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ မနေ့ညက ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံအကြား တည်ရှိတဲ့ ဆက်ဆံရေးအတွက် ဆင်နွှဲရခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က ပြောပြခဲ့ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ ပိုကောင်းမွန်တဲ့ ဒီမိုကရေစီ၊ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးတို့အတွက် ဆက်လက်လုပ်ဆောင်တဲ့ အခါမှာ အမေရိကန်အစိုးရက မိတ်ဆွေအဖြစ် ဆက်လက်တည်ရှိသွားမယ်လို့ သံအမတ်ကြီးက ပြောပြထားပါတယ်။ ဒီပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ အပါအဝင် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံပေါင်းစုံက သံတမန်တွေအပြင် အဖွဲ့အစည်းအသီးသီးက လူပုဂ္ဂိုလ်တွေ တက်ရောက်ဆင်နွှဲကြကြောင်း သိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။