လက်တလောရေပန်းစားလျှက်ရှိတဲ့ ရာသီတုတ်ကွေးနဲ့ပတ်သက်ပြီး ပြည်တွင်းနေရာအနှံ့အပြားမှာတွေ့မြင်နေရဆဲဖြစ်ပါတယ်။ အဆိုပါ မိုးရာသီအတွင်းအဖြစ်များလေ့ရှိတဲ့ ရာသီတုတ်ကွေးအတွက် ပြင်ဆင်မှုတွေနဲ့အတူ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မှုတွေကို တာဝန်ရှိသူတွေကကိုယ်တိုင် သွားရောက်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။  

အလုံမြို့နယ်အတွင်းရှိ ပြည်သူများ ခြင်ကြောင့် ဖြစ်ပေါ်သော သွေးလွန်တုပ်ရောဂါ ကာကွယ်ရေးအတွက် ခြင်အန္တရာယ် ကင်းဝေးစေရေး လုပ်ငန်းများအဖြစ် ခြင်ခိုအောင်းနိုင်သော နေရာများဖြစ်သော ချုံနွယ်များ၊ နေထိုင်ရာ ပတ်ဝန်းကျင်များအား သန့်ရှင်းရေး ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ အဆိုပါလုပ်ဆောင်မှုကို ဒီကနေ့နံနက် ၇ နာရီ အချိန်က အလုံမြို့နယ် စောနောက်ရပ်ကွက်၊ မိုးကောင်းဝင်းအိမ်ရာတွင် စုပေါင်းခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရပါတယ်။ 

ထိုသို့ ဆောင်ရွက်ရာတွင် အလုံမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်၊ မြို့နယ် ပြည်သူ့ကျန်မာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ကျေးရွာ ရပ်ကွက်နေပြည်သူတွေရဲ့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်မှုတွေပြုလုပ်ပေးလျှက်ရှိတဲ့ ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။